၂၀၁၉ China Cup ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဥရုဂွေးနှင့် ထိုင်းတို့ ယှဉ်ပြိုင်ရမည်

၂၀၁၉ China Cup ဗိုလ်လုပွဲအဖြစ် လက်ရှိချန်ပီယံ ဥရုဂွေးနှင့် ထိုင်းတို့ ယှဉ်ပြိုင်ရမည်
Photos : AFP
Photos : AFP
Published 22 March 2019



တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၉ China Cup ပြိုင်ပွဲ၏ဗိုလ်လုပွဲတွင် ဥဇဘက်ကစ္စတန်အသင်းကိုအနိုင်ရခဲ့သည့် လက်ရှိချိန်ပီယံ ဥရုဂွေးအသင်းနှင့် အိမ်ရှင်တရုတ်အသင်းကိုအနိုင်ရခဲ့သည့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

(၄)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအဖြစ် တတိယအကြိမ်မြောက်ကျင်းပသည့် ယခုနှစ်ပြိုင်ပွဲတွင် တရုတ်အသင်းသည် ဆီမီးဖိုင်နယ်၌ ထိုင်းအသင်းကို မထင်မှတ်ဘဲ (၀-၁)ဂိုးဖြင့် အရေးနိမ့်ခဲ့ရကာ ဗိုလ်လုပွဲနှင့်လွဲချော်ရခဲ့ပြီး ဥဇဘက်ကစ္စတန်အသင်းနှင့်သာ တတိယနေရာလုပွဲယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ အီတလီနောက်ခံလူဟောင်း ကင်နာဗာရိုကို နည်းပြအဖြစ်ခန့်အပ်ထားသော တရုတ်အသင်းသည် ဥရုဂွေးအသင်းချန်ပီယံဖြစ်ခဲ့သည့် ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင်လည်း ဝေးလ်စ်၊ ချက်အသင်းတို့နောက် စတုတ္ထနေရာသာ ရပ်တည်နိုင်ခဲ့သည်။

 

 

 

 

 

ယခုနှစ်တွင် ဒုတိယအကြိမ်မြောက်ပါဝင်ယှဉ်ပြိုင်သည့် တောင်အမေရိကထိပ်သီး ဥရုဂွေးအသင်းမှာ အဓိကတိုက်စစ်မှူးများဖြစ်သည့် ကာဗာနီ၊ ဆွာရက်ဇ် စသည့် ကစားသမားများ မပါဝင်သော်လည်း ဆီးမီးဖိုင်နယ်တွင် ဥဇဘက်ကစ္စတန်အသင်းကို ဟီရိုနာအသင်းတိုက်စစ်မှူး စတူအာနီ၏သွင်းဂိုး(၂)ဂိုးအပါအဝင် (၃-၀)ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲကို (၂)နှစ်ဆက်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ 

 

 

 

 

၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် China Cup ပြိုင်ပွဲတွင် အိမ်ရှင်တရုတ်အပါအဝင် ချီလီ၊ အိုက်စလန်၊ ခရိုအေးရှားတို့ပါဝင်ခဲ့ပြီး တောင်အမေရိကထိပ်သီး ချီလီအသင်းဗိုလ်စွဲခဲ့ကာ တရုတ်အသင်းမှာ တတိယနေရာရရှိခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ်တွင် ဥရုဂွေးအသင်းဗိုလ်စွဲပါက ပြိုင်ပွဲ၏အအောင်မြင်ဆုံးအသင်းဖြစ်လာမည်ဖြစ်ပြီး တောင်အမေရိကအသင်းများသာ ဗိုလ်စွဲသည့်မှတ်တမ်းကိုလည်း ဆက်ထိန်းနိုင်မည်ဖြစ်သည်။ 

 

 

 

 

ယခုနှစ်ပြိုင်ပွဲ၏ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများကို လာမည့်မတ် (၂၅)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲအဖြစ် ဥရုဂွေးအသင်းနှင့် ထိုင်း၊ တတိယနေရာလုပွဲအဖြစ် တရုတ်အသင်းနှင့် ဥဇဘတ်ကစ္စတန်တို့ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။