ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက် 

ယူရို-၂၀၂၀ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက် 
Photo: UEFA
Photo: UEFA
Published 22 March 2019

အင်္ဂလန် နှင့် ချက် (စနေနံနက် ၂:၁၅ နာရီ)

အင်္ဂလန်အသင်းက ပြိုင်ပွဲစုံမှာ (၄)ပွဲဆက်နိုင်ပွဲရဖို့ကစားမှာဖြစ်ပြီး အိမ်ကွင်းလည်းဖြစ်နေလို့ အခွင့်အရေးကောင်းပါတယ်။ UEFA Nations League တုန်းက ခြေစွမ်းပြခဲ့သလို၊ ယူရို-၂၀၂၀ ခြေစစ်ပွဲစဉ်တွေမှာလည်း ပုံစံကောင်းပြနိုင်ဖို့အတွက် ကြိုးစားသွားဖို့ရှိတယ်။ ဆောက်ဂိတ်ရဲ့အသင်းမှာ အရည်အသွေးမြင့်လူငယ်တွေ အများကြီးပါဝင်နေပြီး အသင်းခေါင်းဆောင် ဟာရီကိန်းအပါအဝင် အဓိကကစားသမားအစုံအလင်နဲ့ ဒဏ်ရာကင်းစင်နေတာလည်း တွေ့ရတယ်။ အင်္ဂလန်အသင်းရဲ့ အိမ်ကွင်းခြေစွမ်းက စိတ်ချရသလို၊ ဟာရီကိန်းရဲ့ ဝင်ဘလေဂိုးမြူးမှုကလည်း အင်္ဂလန်အသင်းကို အထောက်အကူဖြစ်စေလိမ့်မယ်။ ချက်အသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာအားအကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရတာဖြစ်ပြီး အင်္ဂလန်အသင်းရဲ့ကွင်းမှာ အမှတ်ယူနိုင်ဖို့မလွယ်ဘူး။ ချက်အသင်းရဲ့ခံစစ်ပိုင်းကလည်း စတာလင်၊ အယ်လီ၊ ဟာရီကိန်း၊ ရပ်ရှ်ဖို့ဒ်တို့ကို ထိန်းချုပ်နိုင်ဖို့ ခက်လိမ့်မယ်။ ဆောက်ဂိတ်လက်ထက် ခြေစစ်ပွဲစဉ်တွေရော၊ ပြိုင်ပွဲကြီးမှာပါ တောက်လျှောက်ပုံစံကောင်းပြခဲ့တဲ့ အင်္ဂလန်အသင်း နိုင်ပွဲရဖို့သေချာနေပြီး (၂-ဝ)လောက်နဲ့ ပွဲပြီးသွားလိမ့်မယ်ထင်တယ်။

ပေါ်တူဂီ နှင့် ယူကရိန်း (စနေနံနက် ၂:၁၅ နာရီ)

လူငယ်ကြယ်ပွင့်ကစားသမား အများအပြားထွက်ပေါ်လာတဲ့  ပေါ်တူဂီအသင်းက လာမယ့် ယူရိုပြိုင်ပွဲမှာ ထပ်မံခြေစွမ်းပြနိုင်ဖို့ ရည်မှန်းချက်ထားနေတယ်။ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့အပြင် အရည်အသွေးမြင့်ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ပေါ်တူဂီက အတွေ့အကြုံရော၊ အရည်အသွေးပိုင်းမှာပါ ပြည့်ဝနေတဲ့အသင်းပါ။ ယူကရိန်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဆလိုဗက်ကီးယားကို (၁-၄)နဲ့ရှုံးခဲ့ပြီး အသင်းရဲ့အဓိကကစားသမားတွေက ခြေစွမ်းကျဆင်းနေတာ တွေ့ရတယ်။ ပေါ်တူဂီ (၁-ဝ)၊ (၂-ဝ)လောက်နဲ့ နိုင်မယ့်ပွဲဖြစ်တယ်။



မော်လ်ဒိုဗာ နှင့် ပြင်သစ် (စနေနံနက် ၂:၁၅ နာရီ)

ပြင်သစ်က ၂၀၁၈ မှာကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်မှာ ဥရုဂွေးကို အနိုင်ရခဲ့ပြီး အခုယူရိုခြေစစ်ပွဲအဖွင့်ပွဲစဉ်မှာလည်း နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်လိမ့်မယ်။ လက်ရှိဘောလုံးလောကမှာ အတောင့်အတင်းဆုံးနဲ့ အားအကောင်းဆုံးအနေအထားဖြစ်နေပြီး အဝေးကွင်းဖြစ်နေပေမယ့် မော်လ်ဒိုဗာကို အနိုင်ရဖို့ မခက်ဘူး။ နောက်ဆုံး(၄)ပွဲမှာ (၂)ဂိုးပဲရခဲ့တဲ့ မော်လ်ဒိုဗာက ပြင်သစ်ကို ဂိုးရဖို့ခက်မယ်။ ပြင်သစ်အနိမ့်ဆုံး(၃)လောက်သွင်းမယ်။

အယ်လ်ဘေးနီးယား နှင့် တူရကီ (စနေနံနက် ၂:၁၅ နာရီ)

အယ်လ်ဘေးနီးယားက ၂၀၁၈ ရဲ့ နောက်ဆုံးပွဲမှာ ဝေးလ်စ်အသင်းကို (၁-ဝ)နဲ့အနိုင်ကစားပြီး သူတို့ရဲ့အိမ်ကွင်းလုပ်ရည်ကိုင်ရည်ကို ပြသနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲကလည်း အယ်လ်ဘေးနီးယားအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာဦးမှာပါ။ ပြိုင်ပွဲစုံမှာ (၄)ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ တူရကီက တိုက်စစ်ကစားဟန်အပြောင်းအလဲနဲ့အတူရလဒ်ကောင်းတွေအတွက် ရုန်းကန်လိမ့်မယ်။ သရေကျဖို့များပြီး (၁-၁) လောက်ဖြစ်နိုင်တယ်။

Most Read

Most Recent