ခြေချင်းဝတ်ဒဏ်ရာကြောင့် ဆွာရက်ဇ် (၁၀)ရက်မှ (၁၅)ရက်အကြား အနားယူရမည်

ခြေချင်းဝတ်ဒဏ်ရာကြောင့် ဆွာရက်ဇ် (၁၀)ရက်မှ (၁၅)ရက်အကြား အနားယူရမည်
Photos: AFP
Photos: AFP
Published 19 March 2019

ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်သည် ဘက်တစ်အသင်းအား (၄-၁)ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် ရရှိခဲ့သည့်ခြေချင်းဝတ်ဒဏ်ရာကြောင့် (၁၀)ရက်မှ (၁၅)ရက်အကြား အနားယူရမည်ဟု အသင်းမှ အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

ဆွာရက်ဇ်မှာ ဧပြီလ(၁၀)ရက်တွင် မန်ယူအသင်းနှင့်အဝေးကွင်းကစားရမည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အမီ ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

ဆွာရက်ဇ်သည် ဘက်တစ်နှင့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လာလီဂါပြိုင်ပွဲတွင် ဥရုဂွေးကစားသမားများအနက် ဂိုးအများဆုံး သွင်းယူထားသည့် ဒီယေဂိုဖော်လန်၏စံချိန် (၁၂၈ဂိုး)ကို လိုက်မီခဲ့ကြောင်း သိရသည်။ 

အသက် (၃၉)နှစ်ရှိပြီဖြစ်သူ ဒီယေဂိုဖော်လန်သည် ကစားသမားဘဝမှအနားမယူမီ ၂၀၀၄ မှ ၂၀၁၁ ခုနှစ်အထိ ဗီလာရီးယဲလ်၊ အက်သလက်တီကို စသည့် လာလီဂါကလပ်များတွင် ပါဝင်ကစားခဲ့ကာ ယင်းသွင်းဂိုးစံချိန်ကိုရရှိခဲ့ခြင်းဖြစ်သည်။ 

ဆွာရက်ဇ်သည် ဖော်လန်၏စံချိန်ကို လိုက်မီနိုင်ခဲ့သည့်အပြင် လာလီဂါပြိုင်ပွဲတွင် လက်ရှိကစားနေသည့် ကစားသမားများထဲ၌ အသင်းဖော် မက်ဆီ၊ ဘန်ဇီမာ နှင့် ဂရီးဇ်မန်းတို့နောက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ်လည်း ရပ်တည်လျက်ရှိသည်။ 

Most Read

Most Recent