လီဗာပူးလ်ကွင်းလယ်လူ မာနေကို ခေါ်ယူရန် ရီးယဲလ်အသင်း ပြန်လည်ကြိုးပမ်းလိမ့်မည်ဟု သုံးသပ်မှုများ ထွက်ပေါ်

လီဗာပူးလ်ကွင်းလယ်လူ မာနေကို ခေါ်ယူရန် ရီးယဲလ်အသင်း ပြန်လည်ကြိုးပမ်းလိမ့်မည်ဟု သုံးသပ်မှုများ ထွက်ပေါ်
Photos: AFP
Photos: AFP
Published 19 March 2019

ရီးယဲလ်အသင်းသို့ နည်းပြ ဇီဒန်း ပြန်လည်ရောက်ရှိလာသည့်အတွက် လီဗာပူးလ်ကွင်းလယ်လူ မာနေကို ခေါ်ယူရန် ပြန်လည်ကြိုးပမ်းလိမ့်မည်ဟု သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

ရီးယဲလ်အသင်းသည် ဇီဒန်းကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီးနောက် လာမည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် အကြီးစားပြောင်းလဲမှုများ ပြုလုပ်လိမ့်မည်ဟု ထင် ကြေးပေးခံနေရသည်။ 

ဇီဒန်းသည် ထိပ်တန်းကစားသမားများကို ခေါ်ယူအားဖြည့်သွားမည် ဖြစ်ပြီး ချယ်လ်ဆီးမှ ဟာဇက်၊ မန်ယူမှ ဒီဟေးယားတို့မှာ ၎င်း၏ ဦးစားပေးပစ်မှတ်ကစားသမားများဖြစ်သည်ဟု မီဒီယာများစွာက ဖော်ပြ နေကြသလို၊ ယခုအခါ လီဗာပူးလ်ကွင်းလယ်လူ မာနေမှာ ဇီဒန်း ယခင်ကတည်းက ခေါ်ယူ ရန် ကြိုးပမ်းခဲ့ဖူးသူဖြစ်၍ ယခုအခါ အရခေါ်ယူလိမ့်မည်ဆိုသော သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ဇီဒန်းသည် ရီးယဲလ်အသင်းကို ပထမအကြိမ်ကိုင်တွယ်ခဲ့စဉ်က မာနေ၏ ခြေစွမ်းကို သဘောကျခဲ့သည့်အတွက် ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပင် ရရှိခဲ့ပြီးဖြစ်သည်ဟုလည်း ပြင်သစ်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။ 

သို့သော် ဇီဒန်း ရီးယဲလ်အသင်းနှင့် လမ်းခွဲခဲ့သည့်အတွက် ယင်းအပြောင်းအရွှေ့ တစ်ခန်း ရပ်ခဲ့ရခြင်းဖြစ်သည်ဟုလည်းဆိုသည်။ 

လက်ရှိအချိန်တွင် မာနေသည် လီဗာပူးလ်အသင်း နှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။

Most Read

Most Recent