လာကာဇက်၏ ပွဲပယ်ပြစ်ဒဏ်ကို တစ်ပွဲလျော့ပေးခဲ့သဖြင့် ရန်းစ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်

လာကာဇက်၏ ပွဲပယ်ပြစ်ဒဏ်ကို တစ်ပွဲလျော့ပေးခဲ့သဖြင့် ရန်းစ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်
Photo: AFP/Getty Images & Reuters
Photo: AFP/Getty Images & Reuters
Published 13 March 2019

အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်၏ (၃)ပွဲပယ်ပြစ်ဒဏ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က တစ်ပွဲလျော့ပေးခဲ့သဖြင့် ရန်းစ်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အာဆင်နယ်အသင်းတိုက်စစ်မှူး လာကာဇက်၏ (၃)ပွဲပယ်ပြစ်ဒဏ်ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က တစ်ပွဲလျော့ပေးခဲ့သဖြင့် ရန်းစ်အသင်းနှင့် ပွဲစဉ်တွင် ပါဝင်ကစားနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

လာကာဇက်သည် ဖေဖော်ဝါရီလ (၁၄) ရက်က BATE အသင်းနှင့် ယူရိုပါလိဂ် ရှုံးထွက် (၃၂)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ပြိုင်ဘက်ကစားသမားကို တံတောင်ဖြင့်တွတ်ခဲ့သည့်အတွက် တိုက်ရိုက်အနီကတ်ဖြင့်ထုတ်ပယ်ခံခဲ့ရပြီး (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

အာဆင်နယ်အသင်းသည် အဆိုပါပြစ်ဒဏ်ကို UEFA ထံ အယူခံဝင်ခဲ့ပြီး ယခုအခါ UEFA ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လာကာဇက်၏ (၃)ပွဲပယ်ပြစ်ဒဏ်ကို (၂)ပွဲသို့ လျော့ချခဲ့ခြင်းဖြစ်သည်။

UEFA ကျင့်ဝတ်နှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် "၄င်းတို့အနေဖြင့် အာဆင်နယ်ကစားသမား လာကာဇက်၏ ပြစ်ဒဏ်ကို သေချာစိစစ်ပြီးနောက် (၃)ပွဲပယ်ပြစ်ဒဏ်မှ (၂)ပွဲပယ်ပြစ်ဒဏ်သို့ လျော့ချပေးခဲ့ကြောင်း၊ ထို့ကြောင့် လာကာဇက်အနေဖြင့် အာဆင်နယ်အသင်း၏ အရေးကြီးပွဲစဉ်တွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း" ပါရှိသည်။

လာကာဇက်သည် BATE အသင်းနှင့် ယူရိုပါလိဂ် ရှုံးထွက် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်နှင့် ရန်းစ်အသင်းနှင့် ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တို့ကို လွဲချော်ခဲ့ပြီးဖြစ်သည့်အတွက် ယင်းပြစ်ဒဏ်မှာ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် လာကာဇက်သည် ရန်းစ်အသင်းနှင့် အီမရိတ်စ်ကွင်းတွင် ကစားမည့် ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့အရေးကြီးပွဲစဉ်တွင် ပါဝင်နိုင်တော့မည်ဖြစ်သည့်အတွက် နည်းပြအမ်မရီအတွက် အားတက်စရာဖြစ်ခဲ့သည်။

အာဆင်နယ်အသင်းသည် ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပထမအကျော့တွင် ပြင်သစ်ကလပ်ရန်းစ်အသင်းကို အဝေးကွင်း၌ (၁-၃) ဂိုးဖြင့်ရှုံးနိမ့်ထားခဲ့သည်။

သို့သော် အာဆင်နယ်အသင်းနည်းပြ အမ်မရီနှင့် ၀ါရင့်ဂိုးသမား ပီတာချက်တို့က ယူရိုပါလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ရောက်နိုင်မည်ဟု

ယုံကြည်ကြောင်းပြောကြားခဲ့သည်။

Most Read

Most Recent