ဘောလုံးလောကမှ အနားယူပြီဟု မန်ယူနည်းပြဟောင်း ဗန်ဟားလ် အတည်ပြုကြေညာ

ဘောလုံးလောကမှ အနားယူပြီဟု မန်ယူနည်းပြဟောင်း ဗန်ဟားလ် အတည်ပြုကြေညာ
Photos : Getty Images
Photos : Getty Images
Published 12 March 2019

မန်ယူ၊ ဘာစီလိုနာအသင်းတို့၏ နည်းပြဟောင်း ဗန်ဟားလ်က ဘောလုံးလောကမှ အနားယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ 

ဗန်ဟားလ်သည် ၂၀၁၆ ခုနှစ်က မန်ယူအသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေခဲ့သူဖြစ်သည်။ 

ဗန်ဟားလ်သည် နယ်သာလန်မှ ကလပ်အသင်းများ၏ ကမ်းလှမ်းခြင်းခံခဲ့ရသော်လည်း ငြင်းပယ် ခဲ့ပြီး ဘောလုံးလောကမှ အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ယခုဆုံးဖြတ်ချက် နှင့်ပတ်သက်၍ ဗန်ဟားလ်က ''ကျွန်တော့်ဇနီးကို အသက်(၅၅)နှစ်မှာ နည်းပြဘဝက ထွက်ခွာ တော့မယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒီလိုနဲ့ (၆၅)နှစ်ကျော်သွားပါတယ်။ သူ ကျွန်တော့်ကို အချိန်ပေး ခဲ့တာ (၂၂)နှစ်ရှိသွားပါပြီ။ အခု သူ့ကို အချိန်ပြန်ပေးရတော့မှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက နည်းစနစ်ဒါရိုက်တာ သို့မဟုတ် ရုပ်သံဝေဖန်သူဖြစ်လာရန် ရည်ရွယ်ချက်မရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။

ဗန်ဟားလ် မန်ယူအသင်းကို ကိုင်တွယ်စဉ် အသင်းကြီး၌ပွဲထွက်ခွင့်ရခဲ့သည့် လင်ဂတ်နှင့် ရပ်ရှ်ဖို့ဒ်တို့က လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းအား ကျေးဇူးတင်စကား ဆိုခဲ့သည်။

နည်းပြဘဝအောင်မြင်မှုများ

Ajax (1991-97) - Eredivisie (3), Champions League, UEFA Cup, UEFA Super Cup, Dutch Cup

Barcelona (97-00) (02-03) - La Liga (2), Spanish Cup, UEFA Super Cup

AZ Alkmaar (05-09) - Eredivisie 

Bayern Munich (09-11) - Bundesliga, German Cup, German Super Cup

Manchester United (14-16) - FA Cup 

Holland (00-02) (12-14) - 2014 World Cup third: 3rd 

 

Most Read

Most Recent