ဥရောပထိပ်တန်းလိဂ်ငါးခု၌ သွင်းဂိုးနှင့် ဖန်တီးမှုအများဆုံးအဖြစ် မက်ဆီ ဦးဆောင်

ဥရောပထိပ်တန်းလိဂ်ငါးခု၌ သွင်းဂိုးနှင့် ဖန်တီးမှုအများဆုံးအဖြစ် မက်ဆီ ဦးဆောင်
Photos : AFP
Photos : AFP
Published 12 March 2019

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ယခုရာသီ ဥရောပထိပ်တန်းလိဂ် ပြိုင်ပွဲငါးခု၌ သွင်းဂိုးနှင့် ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ဦးဆောင်နေကြောင်း သိရသည်။

မက်ဆီသည် ယခုတစ်ပတ် လာလီဂါပွဲစဉ်အဖြစ် ဗယ်လက်ကာနိုအသင်းနှင့်ကစားသည့်ပွဲ၌ နောက်ခံလူ ပီကေးသွင်းယူသည့်ဂိုးကို ပြစ်ဒဏ်ဘောမှတစ်ဆင့် ဖန်တီးပေးနိုင်ခဲ့သလို၊ အနိုင်ဂိုးတစ်ဂိုးကိုလည်း ပယ်နယ်တီ မှတစ်ဆင့် သွင်းယူပြီးနောက် သွင်းဂိုးနှင့် ဖန်တီးမှုစာရင်းနှစ်ခုစလုံး၏ ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ 

မတ် ၁၀ ရက်အထိ ယှဉ်ပြိုင်ကစားပြီးသည့်ပွဲစဉ်များအရ မက်ဆီသည် လာလီဂါပြိုင်ပွဲ၌ ၂၅ ပွဲကစား ၂၆ ဂိုးသွင်းယူထားပြီး ဥရောပရွှေဖိနပ်ဆု (ESM) အတွက် ၅၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦး ဆောင်လျက်ရှိသည်။ 

၎င်း၏နောက်တွင် ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေက ၂၁ ပွဲ ကစား၊ ၂၄ ဂိုးဖြင့် ရပ်တည်နေပြီး အဓိက ပြိုင်ဘက် စီရော်နယ်လ်ဒိုမှာမူ ၂၆ ပွဲကစား၊ ၁၉ ဂိုးဖြင့် စတုတ္ထနေရာရောက်ရှိနေကြောင်း သိရသည်။ 

မက်ဆီသည် ဂိုးဖန်တီးမှုအများဆုံးစာရင်းတွင်လည်း စုစုပေါင်း ၁၂ ကြိမ်ဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်း တောင်ပံကစားသမား ဟာဇက်က ၁၁ ကြိမ် ဖြင့် ဒုတိယနေရာ ရပ်တည်နေသည်။ 

ထို့ပြင် မက်ဆီသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ခြောက်ဂိုး၊ ဘုရင့်ဖလားပြိုင်ပွဲ၌ နှစ်ဂိုးနှင့် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားသည်။

သွင်းဂိုးအများဆုံး ကစားသမားစာရင်း

အမည်        ကလပ်        ပွဲ    ဂိုး

မက်ဆီ        ဘာစီလိုနာ    ၂၅ ပွဲ    ၂၆ ဂိုး

ဘာပေ        PSG        ၂၁ ပွဲ     ၂၄ ဂိုး

ကွာဂလီရယ်လာ    ဆမ်ဒိုးရီးယား    ၂၅ ပွဲ    ၁၉ ဂိုး

စီရော်နယ်လ်ဒို    ဂျူဗင်တပ်စ်    ၂၆ ပွဲ    ၁၉ ဂိုး

အဂွဲရိုး        မန်စီးတီး        ၂၆ ပွဲ    ၁၈ ဂိုး

ဖန်တီးမှုအများဆုံး ကစားသမားစာရင်း

အမည်        ကလပ်            ပွဲ    ဖန်တီးမှု

မက်ဆီ        ဘာစီလိုနာ        ၂၅ ပွဲ    ၁၂ ကြိမ်

ဟာဇက်        ချယ်လ်ဆီး        ၂၇ ပွဲ     ၁၁ ကြိမ်

ဆန်ချို        ဒေါ့မွန်            ၂၅ ပွဲ     ၁၀ ကြိမ်

ကင်မစ်ချ်        ဘိုင်ယန်မြူးနစ်        ၂၅ ပွဲ     ၁၀ ကြိမ်

ဖရေဆာ        ဘုန်းမောက်        ၃၀ ပွဲ     ၁၀ ကြိမ်

Most Read

Most Recent