အသင်း၏ကွင်းသစ်အမည်အား NIKE သို့ ရောင်းချလိုက်ပြီဆိုသည့်သတင်းများကို စပါးအသင်းတာဝန်ရှိသူများ ငြင်းဆို

အသင်း၏ကွင်းသစ်အမည်အား NIKE သို့ ရောင်းချလိုက်ပြီဆိုသည့်သတင်းများကို စပါးအသင်းတာဝန်ရှိသူများ ငြင်းဆို
Photos : REX, AFP
Photos : REX, AFP
Published 11 March 2019

စပါးအသင်းသည် အသစ်ပြန်လည်တည်ဆောက်ခဲ့သည့် ကွင်းသစ်အမည်အား နာမည်ကျော်အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် NIKE ကုမ္ပဏီသို့ ရောင်းချလိုက်ပြီဟု သတင်းများထွက်ပေါ်လာခဲ့ရာ ယင်းသတင်းများကို စပါးအသင်းတာဝန်ရှိသူများက ငြင်းဆန်ပယ်ချခဲ့ကြ သည်။

ပြီးခဲ့သည့် သောကြာနေ့နံနက်က  beIN Sports မှထုတ်လွှင့်ခဲ့သော သတင်းတွင် စပါးအသင်းသည် NIKE ကုမ္ပဏီနှင့် သဘောတူညီချက် ရရှိခဲ့ပြီဟု ဖော်ပြခဲ့ပြီး၊ အစီအစဉ်တင်ဆက်သူ ရစ်ချက်ကီးစ်က လည်း စပါးအသင်း၏ ကွင်းသစ်အား The Nike Stadium ဟု ခေါ်တွင်စေမည်ဖြစ်ကြောင်း Twitter တွင် ဖော်ပြခဲ့သည်။ 

သို့ သော် Mirror သတင်းစာတွင် ဖော်ပြခဲ့သောသတင်းအရ စပါးအသင်းတာဝန်ရှိသူများသည် ယင်းသတင်းများကို ငြင်းဆန်ပယ်ချခဲ့ပြီး ကွင်းသစ်အမည်အတွက် မည်သည့်ကုမ္ပဏီနှင့်မှ သဘောတူညီချက်မရှိဟု ပြောကြားခဲ့ကြကြောင်း သိရှိရသည်။ 

စပါးအသင်းသည် ၎င်းတို့၏ကွင်းသစ်အား လာမည့်ဧပြီလအတွင်း ဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်တွင် စပွန်ဆာအမည်ပေးထားသည့် ကလပ်အသင်းများ

အသင်း        ကွင်းအမည်        ဝင်ဆံ့သည့်ဦးရေ

အာဆင်နယ်    Emirates            ၆၀,၂၆၀

မန်စီးတီး        Etihad            ၅၅,၀၁၇

ဘုန်းမောက်    Vitality            ၁၁,၃၂၉

ဘရိုက်တန်        Amex            ၃၀,၆၆၆

လက်စတာ        King Power        ၃၂,၂၇၃

Most Read

Most Recent