ဆောက်သမ်တန်နှင့်ပွဲအပြီး လူကာကူနှင့် ပေါ့ဘာ အဝတ်လဲခန်းတွင် အချင်းများခဲ့

ဆောက်သမ်တန်နှင့်ပွဲအပြီး လူကာကူနှင့် ပေါ့ဘာ အဝတ်လဲခန်းတွင် အချင်းများခဲ့
Photo: Getty Images
Photo: Getty Images
Published 5 March 2019

မန်ယူအသင်းကစားသမားများဖြစ်သည့် လူကာကူနှင့် ပေါ့ဘာသည် မတ် (၃) ရက်က ကစားခဲ့သော ဆောက်သမ်တန်အသင်းအား (၃-၂)ဂိုးဖြင့် အနိုင်ရ သည့်ပွဲအပြီးတွင် အဝတ်လဲခန်း၌ စကားများခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ယင်းပွဲနာကျင်အချိန်ပိုတွင် ပေါ့ဘာ လွဲချော်ခဲ့သည့်ပယ်နယ်တီကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးအကြား အချင်းများခဲ့ကာ နည်းပြ ဆိုးလ်ရှားမှ ကြားဝင်ဖျန်ဖြေပေးခဲ့ရကြောင်း သိရသည်။ 

အသင်းအတွက် (၂)ဂိုးသွင်းထားသည့် လူကာကူမှာ ဟက်ထရစ်ရယူရန် ယင်းပယ်နယ်တီကို ကန်လိုသော်လည်း အမြဲကန်ခွင့်ရထားသူ ပေါ့ဘာက ပေးမကန်ဘဲ ကိုယ်တိုင်ကန်သွင်းခဲ့ ခြင်းဖြစ်သည်။ 

The Sun သတင်းစာက လူကာကူမှာ နည်းပြဟောင်း မော်ရင်ဟိုနှင့် ပေါ့ဘာ ပြဿနာအကြား ပေါ့ဘာဘက်မှ ရပ်တည်ပေးခဲ့သော်လည်း ၎င်းအပေါ် ပြန်လည်နားလည်မှုမပေးသဖြင့် ဒေါသထွက်ခဲ့ခြင်းဖြစ်သည်ဟု ရေးသားခဲ့သည်။ 



မန်ယူအသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ယင်းသတင်းကို The Sun သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ 

ပေါ့ဘာနှင့် လူကာကူတို့မှာ ရင်းနှီးသည့်မိတ်ဆွေများဖြစ်ပြီး ၂၀၁၇ တွင် လူကာကူ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့စဉ်က ပေါ့ဘာ၏လွှမ်းမိုးမှုက အဓိကဖြစ်ခဲ့ကြောင်းလည်း Daily Mail က ဖော်ပြသည်။ 

ပေါ့ဘာ၏ယင်းပယ်နယ်တီလွဲချော်မှုမှာ ၂၀၁၈-၁၉ ရာသီအတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး  ပြင်သစ်အသင်းနှင့် ကမ္ဘာ့ဖလားပွဲစဉ်များအပါအဝင် နောက်ဆုံးပယ်နယ်တီ (၉)ကြိမ်တွင် (၆)ကြိမ်သာ ဂိုးဝင်ခဲ့သည်။

Most Read

Most Recent