အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ပဏာမ ၂၈ ဦးဖြင့် ဖွဲ့စည်း

အာရှ ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းကို ပဏာမ ၂၈ ဦးဖြင့် ဖွဲ့စည်း
Photos : MFF
Photos : MFF
Published 2 March 2019

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၂၈ ဦး ဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းတွင် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ ကစားသမား ၂၁ ဦးပြန်ပါလာပြီး ခုနစ်ဦး အသစ်ရွေးချယ်ထားသည်။

အာဆီယံ ယူ-၂၂ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းမှ အောင်ဝဏ္ဏစိုးနှင့် ဒဏ်ရာရနေသည့် နန်းထိုက်ဇော်တို့နှစ်ဦးကိုချန်လှပ်၍ ထွန်းနန္ဒဦး (ဂိုး)၊ ထူးခန့်လွင်၊ သူရိန်စိုး၊ ကောင်းထက်စိုး၊ စအောင်ပြည့်ကို၊ အောင်ကောင်းမာန်နှင့် ရဲရင့်အောင် (၂) တို့ကို အားဖြည့်ခဲ့ခြင်းဖြစ် သည်။

မြန်မာ ယူ-၂၂ အသင်းသည် ယင်းခြေစစ်ပွဲအတွက် မတ် ၄ ရက်တွင် လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး ခြေစစ်ပွဲမတိုင်မီ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲ အနည်းဆုံးနှစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် မတ် ၉ ရက်တွင် စင်ကာ ပူလိဂ်$ လာရောက်ကစားနေသည့် ဂျပန်ကလပ် နီဂါတာအသင်း နှင့် ရန်ကုန်မြို့$ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းခြေစမ်းပွဲ ပြီးပါက ပြည်တွင်းခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှ ယူ-၂၃ ခြေစစ်ပွဲကို မတ် ၂၂ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်ပြီး ဂျပန်၊ တီမော၊ မကာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

ခြေစစ်ပွဲတွင် ထိပ်ဆုံးငါးသင်းနှင့် အကောင်း ဆုံး အုပ်စုဒုတိယငါးသင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

Most Read

Most Recent