အုပ်စုဒုတိယပွဲစဉ်တွင် ဘင်္ဂလားဒေ့ရှ်ကိုရှုံးနိမ့်ကာ မြန်မာအသင်း ခြေစစ်ပွဲမအောင်

အုပ်စုဒုတိယပွဲစဉ်တွင် ဘင်္ဂလားဒေ့ရှ်ကိုရှုံးနိမ့်ကာ မြန်မာအသင်း ခြေစစ်ပွဲမအောင်
Photos: Nyi Nyi Soe Nyunt
Photos: Nyi Nyi Soe Nyunt
Published 1 March 2019



မြန်မာနိုင်ငံက အိိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၁၉ အာရှယူ-၁၆ အမျိုးသမီးခြေစစ်ပွဲ(ဒုတိယအဆင့်)အဖြစ် မြန်မာအသင်းပါဝင်သည့် အုပ်စု (ခ)ပွဲစဉ်များကို ယနေ့ည (၆)နာရီက မန္တလေးမြို့ရှိ မန္တလာသီရီကွင်း၌ ကျင်းပခဲ့ ရာ မြန်မာယူ-၁၆ အသင်းမှာ ဘင်္ဂလားဒေ့ရှ်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခြေစစ်ပွဲမအောင်ခဲ့ကြောင်း သိရသည်။

 

 

 

မြန်မာယူ-၁၆အသင်းသည် ယနေ့ပွဲတွင် အနိုင်ရရှိမှ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်မည်ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်အသင်းအား ဖိအားပေးကစားခဲ့သော်လည်း အုပ်စုပထမပွဲတွင် နိုင်ပွဲရထားသည့် ဘင်္ဂလားဒေ့ရှ်အသင်းက တည်ငြိမ်စွာတုံ့ပြန်ကစားခဲ့ပြီး ပွဲချိန် (၆၈)မိနစ်တွင်သွင်းယူသော တစ်ဂိုးတည်းသောဂိုးဖြင့်အနိုင်ယူကာ လက်ကျန်တစ်ပွဲအလိုတွင် တရုတ်အသင်းနှင့်အတူ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

 

အုပ်စု (ခ)အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် တရုတ်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ပွဲစဉ်တွင် တရုတ်အသင်းက (၇-၀)ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ကာ အုပ်စုဗိုလ်နေရာအတွက်နောက်ဆုံးပွဲ၌ ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 

 

မြန်မာယူ-၁၆ အသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် လာမည့်မတ်လ (၃)ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့်ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent