အာစင်ဝင်းဂါးကို PSG အသင်း၏အားကစားဒါရိုက်တာအဖြစ် မြင်တွေ့ရဖွယ်ရှိနေ

အာစင်ဝင်းဂါးကို PSG အသင်း၏အားကစားဒါရိုက်တာအဖြစ် မြင်တွေ့ရဖွယ်ရှိနေ
Photo: Getty Images
Photo: Getty Images
Published 22 February 2019

ပြင်သစ်ထိပ်သီး PSG အသင်းသည် အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးကို အားကစားဒါရိုက်တာ ခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ဘောလုံးလောက၏ အပြောင်းအရွှေ့သတင်းများကို ဖော်ပြလေ့ရှိသည့် TMW ဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ PSG အသင်းသည် ယခုရာသီအကုန်တွင် အားကစားဒါရိုက်တာဖြစ်သူ အင်းနရစ်၏နေရာတွင် အာစင်ဝင်းဂါးကို အစားထိုးခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် လမ်းခွဲခဲ့သည့် ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါးကို PSG အသင်းက ရာထူးတစ်ခုခုဖြင့် ခန့်အပ်ရန် စီစဉ်နေသည်ဟု သတင်းများဆက်တိုက်ထွက်ပေါ်ခဲ့သည်။

အာစင်ဝင်းဂါးသည် ပြီးခဲ့သည့်ရက်ပိုင်းက PSG အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီနှင့် တွေ့ဆုံခဲ့ပြီး အားကစားဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ရန် သဘောတူညီမှုရရှိခဲ့ကြကြောင်း TMW ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

အသက် (၆၉) နှစ်အရွယ်ရှိ ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါးသည် ပြီးခဲ့သည့် ၂၀၁၇-၁၈ ရာသီက အာဆင်နယ်အသင်းနှင့် လမ်းခွဲပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ချယ်လ်ဆီးနှင့် နယူးကာဆယ်အသင်းများကို ကိုင်တွယ်ရန် ရေးပန်စားနေသောနည်းပြများစာရင်းတွင် ပါဝင်နေကြောင်းလည်း သိရသည်။

Most Read

Most Recent