ချယ်လ်ဆီးနှင့် လိဂ်ဖလားဗိုလ်လုပွဲမှာ ခက်ခဲမည်ဟု ဘာနာဒိုဆေးလ်ဗား ပြောကြား

ချယ်လ်ဆီးနှင့် လိဂ်ဖလားဗိုလ်လုပွဲမှာ ခက်ခဲမည်ဟု ဘာနာဒိုဆေးလ်ဗား ပြောကြား
Photo: Getty Images
Photo: Getty Images
Published 22 February 2019

မန်စီးတီးအသင်းတောင်ပံကစားသမား ဘာနာဒိုဆေးလ်ဗားက ချယ်လ်ဆီးအသင်းနှင့် ကစားရမည့် လိဂ်ဖလားဗိုလ်လုပွဲစဉ်မှာ ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို (၆-၀) ဂိုးဖြင့် အနိုင်ရပြီး လိဂ်ဖလားတွင်လည်း ဗိုလ်စွဲရန် ရေပန်းစားနေသည်။

သို့သော် ဘာနာဒိုဆေးလ်ဗားက ချယ်လ်ဆီးအသင်းမှာ တောင့်တင်းသည့်အသင်းတစ်သင်းဖြစ်ပြီး ပြီးခဲ့သည့်ပွဲစဉ်ကကဲ့သို့ ဂိုးပြတ်အနိုင်ရမည်မဟုတ်ဘဲ ခက်ခက်ခဲခဲကစားရမည်ဟု ပြောကြားခဲ့သည်။

ဘာနာဒိုဆေးလ်ဗားက "ချယ်လ်ဆီးကို (၆-၀)ဂိုးနဲ့ အနိုင်ရခဲ့တာကို မေ့ထားရမှာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုက ထပ်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်း ဂိုးပြတ်ရှုံးခဲ့ပေမယ့် သူတို့က ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ သူတို့အသင်းမှာ ကျွန်တော်တို့ကို ဒုက္ခပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဒီပွဲစဉ်က ကျွန်တော်တို့အတွက် လွယ်ကူမှာမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဘာနာဒိုဆေးလ်ဗားက ယခုရာသီ ပထမဆုံးရနိုင်သည့် လိဂ်ဖလားမှာ အသင်းအတွက် အလွန်အရေးကြီးကြောင်းနှင့် လိဂ်ဖလားကိုသာ ရယူနိုင်ခဲ့မည်ဆိုပါက နောက်ထပ်ချန်ပီယံဆုဖလားများ ရယူရန် ပိုမိုလွယ်ကူသွားမည်ဖြစ်ကြောင်လည်း ပြောကြားခဲ့သည်။

ချယ်လ်ဆီးနှင့် မန်စီးတီးတို့၏ လိဂ်ဖလားဗိုလ်လုပွဲကို ဖေဖော်ဝါရီ (၂၄) ရက် (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁:၀၀ နာရီ)တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။

Most Read

Most Recent