ကွင်းအတွင်းမှ ထုတ်ပယ်ခံရသည့် မြန်မာနည်းပြ ပိုပေါ့ဗ် မလေးရှားနှင့်ပွဲတွင် ကြီးကြပ်ခွင့်မရ

ကွင်းအတွင်းမှ ထုတ်ပယ်ခံရသည့် မြန်မာနည်းပြ ပိုပေါ့ဗ် မလေးရှားနှင့်ပွဲတွင် ကြီးကြပ်ခွင့်မရ
Photos: MFF
Photos: MFF
Published 22 February 2019

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ဖေဖော်ဝါရီ (၂၀) ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဆီယံ ယူ- ၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုဒုတိယပွဲဖြစ်သည့် ကမ္ဘောဒီးယားနှင့်ပွဲတွင် ကွင်းအတွင်းမှထုတ်ပယ်ခံရသောကြောင့် ဖေဖော်ဝါရီ (၂၂) ရက်(ယနေ့ မြန်မာစံတော်ချိန် ညနေ ၆:၀၀ နာရီ)တွင် ယှဉ်ပြိုင်ကစားမည့် မလေးရှားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲတွင် ကွင်းအတွင်းကြီးကြပ်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ 

"ကျွန်တော်တို့အနေနဲ့ ပိုပေါ့ဗ်ရဲ့ဖြစ်ရပ်ကို အယူခံဝင်ထားပါတယ်။ ဒါပေမဲ့ AFF စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ လောလောဆယ် မလေးရှားနဲ့ပွဲကို ကြီးကြပ်ခွင့်မရဘူးလို့ ပြောပါတယ်"ဟု မြန်မာ ယူ-၂၂ အသင်း မီဒီယာတာဝန်ခံ ဦးဝင်းကိုကိုက Eleven Sports Journal ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။