အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ မန်စီးတီး

အဝေးကွင်းဂိုးပြတ်နိုင်ပွဲနဲ့ ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ မန်စီးတီး
Photos: PA & Reuters
Photos: PA & Reuters
Published 17 February 2019

■ နယူးပို့တ် ၁-၄ မန်စီးတီး

FA ဖလားပဥ္စမအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူပို့တ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းက (၄-၁) ဂိုးနဲ့အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒီပွဲစဉ်အပြီးမှာ ရှော်လ်ကေးအသင်းနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်သလို၊ နောက်တစ်ပတ်မှာလည်း ချယ်လ်ဆီးအသင်းနဲ့ လိဂ်ဖလားဗိုလ်လုပွဲရှိနေပေမယ့်လည်း အီဒါဆန်၊ အော်တာမန်ဒီ၊ ဒေးဗစ်ဆေးလ်ဗား၊ ဆာနေး၊ မာရက်ဇ်၊ ဂျေးဆူတို့ကို လူငယ်တွေနဲ့တွဲဖက်လာတဲ့ မန်စီးတီးရဲ့စုဖွဲ့မှုက တောင့်တင်းလွန်းခဲ့ပါတယ်။

League Two ကလပ်ဖြစ်တဲ့ နယူးပို့တ်အသင်းကတော့ အိမ်ကွင်းမှာတောင့်ခံကစားနိုင်ဖို့ပြင်ဆင်လာခဲ့ပေမယ့် အဖက်ဖက်ကကွာဟလွန်းနေတဲ့ စုဖွဲ့မှုကပဲ ပွဲကိုအဖြေပေးသွားခဲ့တာပါ။

ဒါပေမဲ့ နယူးပို့တ်အသင်းဟာ ပထမပိုင်းမှာတော့ မန်စီးတီးအသင်းကို ဂိုးမပေးရအောင်ကစားနိုင်ခဲ့တာကတော့ ချီးကျူးရမှာပါ။

ဒုတိယပိုင်းမှာတော့ ကစားအားတင်လာခဲ့တဲ့ မန်စီးတီးကြောင့် ပွဲကတစ်ဖက်သတ်ဖြစ်သွားခဲ့ပြီး (၅၁) မိနစ်မှာ ဆာနေးကအဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဂိုးရပြီးနောက်မှာတော့ မန်စီးတီးအသင်း တစ်ကွင်းလုံးကိုစိတ်ကြိုက်ကစားသွားခဲ့ပြီး (၇၅) မိနစ်နဲ့ (၈၉) မိနစ်မှာ ဖိုဒန်က ဒုတိယဂိုးနဲ့ တတိယဂိုးတွေကိုသွင်းယူပေးခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက်နောက်ဆုံးဂိုးကိုတော့ နာကျင်အချိန်ပိုမှာ မာရက်ဇ်က ထောင့်ဖြတ်ကန်သွင်းယူပေးခဲ့ပြီး၊ နယူးပို့တ်အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ ပွဲချိန် (၈၈) မိနစ်မှာ အမွန်းကသွင်းယူပေးခဲ့ပါတယ်။



■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

FA ဖလား (ပဥ္စမအဆင့်)

ဘရိုက်တန် ၂-၁ ဒါဘီ

ဝင်ဘယ်လ်ဒန် ၀-၁ မီဝေါလ်

နယူးပို့တ် ၁-၄ မန်စီးတီး

လာလီဂါ

ဆယ်လ်တာဗီဂို ၁-၄ လီဗန်တေး

ဗယ်လက်ကာနို ၀-၁ အက်သလက်တီကို

ဆိုစီဒက် ၃-၀ လီဟာနက်စ်



စီးရီးအေ

ကာဂလီယာရီ ၂-၁ ပါးမား

ဘွန်ဒစ်လီဂါ

ရှော်လ်ကေး ၀-၀ ဖရိုင်းဘတ်

ဟော်ဖန်ဟင်မ် ၃-၀ ဟန်နိုဗာ

စတုဂတ် ၁-၃ လိုက်ပ်ဇစ်

ဝုလ်ဖ်ဘတ် ၃-၀ မိန့်ဇ်

ဟာသာဘာလင် ၁-၁ ဝါဒါဘရီမင်

လီဂူး

မာဆေးလ် ၂-၀ အာမီယန်စ်

လိဂ်ချန်ပီယံရှစ်

ရော့သာဟမ် ၂-၂ ရှက်ဖီးဝင်းစ်ဒေး

အက်စတွန်ဗီလာ ၀-၂ ဝက်စ်ဘရွန်း

ဘော်လ်တန် ၀-၄ နောဝစ်ချ်

အစ်ဝစ်ချ် ၁-၁ စတုတ်စီးတီး

ပရက်စတန် ၀-၀ နော်တင်ဟမ်

ရှက်ဖီးလ်ယူနိုက်တက် ၄-၀ ရက်ဒင်း

Most Read

Most Recent