နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယား၏ ဟက်ထရစ်အများဆုံးစံချိန်ကို အဂွဲရိုး လိုက်မီ

နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယား၏ ဟက်ထရစ်အများဆုံးစံချိန်ကို အဂွဲရိုး လိုက်မီ
Photos : AFP
Photos : AFP
Published 11 February 2019

အလန်ရှီးယားသည် ၁၉၉၃ ခုနှစ် မှ ၁၉၉၉ ခုနှစ်အတွင်း ယင်းဟက်ထရစ် (၁၁)ကြိမ်ကို သွင်းယူခဲ့ခြင်းဖြစ်ပြီး၊ အဂွဲရိုးက ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၉ ခုနှစ်အတွင်း မန်စီးတီးတစ်သင်းတည်းတွင်ကစားကာ ယင်းဟက်ထရစ် (၁၁)ကြိမ်ကို သွင်းယူခဲ့ခြင်းဖြစ်သည်။ 

မန်စီးတီးအသင်း၏ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၆-၀) ချယ်လ်ဆီးပွဲတွင် အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ရာ ပရီးမီးယား လိဂ်ပြိုင်ပွဲတွင် သူသွင်းယူသောဟက်ထရစ်မှာ (၁၁)ကြိမ်အထိရှိလာခဲ့ပြီး ယခင်စံချိန်ရှင် အလန်ရှီးယား၏စံချိန်ကို လိုက်မီသွားခဲ့သည်။ 

အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူး အလန်ရှီးယားသည် ဘလက်ဘန်းနှင့် နယူးကာဆယ်အသင်းတို့တွင် ကစား စဉ် ပရီးမီးယားလိဂ်ဟက်ထရစ် (၁၁)ကြိမ်အထိ (ဘလက် ဘန်းအသင်းတွင် ၉ ကြိမ်၊ နယူးကာဆယ်အသင်းတွင် ၂ ကြိမ်) သွင်းယူခဲ့ပြီး ယခု အဂွဲရိုးက ယင်းစံချိန်ကို လိုက်မီခဲ့ခြင်းလည်းဖြစ်သည်။ 

အလန်ရှီးယားသည် ၁၉၉၃ ခုနှစ် မှ ၁၉၉၉ ခုနှစ်အတွင်း ယင်းဟက်ထရစ် (၁၁)ကြိမ်ကို သွင်းယူခဲ့ခြင်းဖြစ်ပြီး၊ အဂွဲရိုးက ၂၀၁၁ ခုနှစ်မှ ယခု ၂၀၁၉ ခုနှစ်အတွင်း မန်စီးတီးတစ်သင်းတည်းတွင်ကစားကာ ယင်းဟက်ထရစ် (၁၁)ကြိမ်ကို သွင်းယူခဲ့ခြင်းဖြစ်သည်။ 

အလန်ရှီးယားသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ် လျှောက်တွင် သွင်းဂိုး(၂၆၀)ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူ သူအဖြစ် စံချိန်တင်ထားသူဖြစ်ပြီး အဂွဲရိုးမှာ (၁၆၀)ဂိုုး သာရရှိထား၍ အလန်ရှီးယား၏စံချိန်ကို လိုက်မီရန် ဂိုး (၁၀၀)တိတိ လိုအပ်နေသေးသည်။ 

အဂွဲရိုးအနေဖြင့် ပရီး မီးယားလိဂ်ဟက်ထရစ်အများဆုံးစံချိန်ကို လိုက်မီနိုင် ခဲ့သော်လည်း ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူများ စာရင်းတွင်မူ အဆင့်(၈)နေရာ၌သာ ရပ်တည်နေကြောင်း သိရှိရသည်။ 

ပရီးမီးယားလိဂ်တွင် ဟက်ထရစ်အများဆုံးသွင်းယူထားသူများ

အမည်    နိုင်ငံ    အကြိမ်

အလန်ရှီးယား    အင်္ဂလန်    (၁၁) ကြိမ်

အဂွဲရိုး    အာဂျင်တီးနား    (၁၁) ကြိမ်

ဖောင်လာ    အင်္ဂလန်    (၉) ကြိမ်

အွန်နရီ    ပြင်သစ်    (၈) ကြိမ်

ဟာရီကိန်း    အင်္ဂလန်    (၈) ကြိမ်

အိုဝင်    အင်္ဂလန်    (၈) ကြိမ်

ရွန်နီ    အင်္ဂလန်    (၇) ကြိမ်

ဆွာရက်ဇ်    ဥရုဂွေး    (၆) ကြိမ်

Most Read

Most Recent