ဘွန်ဒစ်လီဂါပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 9 February 2019

ဒေါ့မွန် နှင့် ဟော်ဖန်ဟင်မ် (စနေည ၉းဝ၀ နာရီ)

ဒေါ့မွန်အနေနဲ့ ကြားရက်မှာ စပါးနဲ့ချန်ပီယံလိဂ်ပွဲရှိလို့  ကစားသမားအပြောင်းအလဲတချို့ ပြုလုပ်လာနိုင်ပေမယ့် အိမ်ကွင်းမှာ အမှားခံဖို့တော့မရှိဘူး။ ဒေါ့မွန် အနိုင်ကစားမှာသေချာပါတယ်။ 

လိုက်ပ်ဇစ်     နှင့် ဖရန့်ဖတ် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်ကတော့ ပုံစံကောင်းပြန်ရလာတဲ့ အနေအထားမှာရှိတယ်။ ဖရန့်ဖတ်အသင်း အဝေးကွင်းကစားပုံ မဆိုးပေမယ့် လိုက်ပ်ဇစ်ပဲ နိုင်မှာပါ။

မိုချန်ဂလာဘတ် နှင့် ဟာသာဘာလင် (စနေည ၉းဝ၀ နာရီ)

အိမ်ကွင်းရာနှုန်းပြည့်အနိုင်ရထားတဲ့ မိုချန်ဂလာဘတ် အသင်းကို ဟာသာဘာလင် တားဆီးနိုင်ဖို့ မလွယ်ပါဘူး။ မိုချန် အနိုင်ကစားမယ်။

ဟန်နိုဗာ နှင့် နုရင်ဘတ် (စနေည ၉းဝ၀ နာရီ)

အမှတ်ပေးဇယားအောက်ဆုံး (၂)သင်းတွေ့ဆုံမှုက အကြိတ်အနယ်ရှိနိုင်ပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ရှုံးပွဲဆက်မှုရပ်တန့်ထားတဲ့ နုရင်ဘတ်ကို ပိုကြိုက်တယ်။

ဖရိုင်းဘတ် နှင့် ဝုလ်ဖ်ဘတ် (စနေည ၉းဝ၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်း အဝေးကွင်းနောက်ဆုံး(၅)ပွဲမှာ (၄) ပွဲအထိ အနိုင်ကစားခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ မထင်မှတ်တာ တွေလုပ်တတ်တဲ့ ဖရိုင်းဘတ်နဲ့စွန့်စားတာ ပိုကောင်းမယ်။

ဘိုင်ယန်မြူးနစ် နှင့် ရှော်လ်ကေး (စနေည ၁၂းဝ၀ နာရီ)

(၂)သင်းစလုံးမှာ ဒဏ်ရာပြဿနာတွေ များနေတယ်။ ဒါပေမဲ့ ဘိုင်ယန်အသင်းက ရှော်လ်ကေးလောက် အဓိကကစားသမားတွေကို အနားပေးထားရတာမျိုးမဟုတ်ဘူး။ လေဗာကူဆင်ကို အရေးနိမ့်ပြီး နိုင်ပွဲဆက်မှုရပ်တန့်သွားလို့ ဘိုင်ယန်နည်းပြ နီကိုကိုဗက်အနေနဲ့ အခုပွဲမှာ အပြောင်းအလဲတချို့ပြုလုပ်လာနိုင်တယ်။ ကင်မစ်ချ်ကို နောက်တန်းပြန်ပို့ကာ ဟာဗီမာတီနက်ဇ်ကို ကွင်းလယ်အဖျက်နေရာမှာသုံးတဲ့ ၄-၁-၄-၁ ကစားကွက်မျိုး အသုံးပြုနိုင်ပြီး ဟာမီးစ်ရိုဒရီဂွက်ဇ် (သို့မဟုတ်) နာဘရီတို့ တစ်ဦးဦးကို ပွဲထွက်ခွင့်ပေးပါလိမ့်မယ်။ ရှော်လ်ကေးကတော့ ရလဒ်ပိုင်းမဆိုးပေမယ့် ရှိတဲ့လူနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေရလို့ လွယ်တော့မလွယ်လှဘူး။ ဘိုင်ယန် ဂိုးပြတ်နိုင်လိမ့်မယ်။