အီတလီစီးရီးအေပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ်(၂၃) ပွဲကြိုသုံးသပ်ချက်
Photo : Wikipedia
Photo : Wikipedia
Published 9 February 2019

ဖီအိုရင်တီးနား နှင့် နာပိုလီ (စနေည ၁၁း၃၀ နာရီ)

ဦးဆောင်သူ ဂျူဗင်တပ်စ်နဲ့ (၉)မှတ်ကွာအနေအထားဟာ နာပိုလီရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပိုပြီးစိုပြေစေပါလိမ့်မယ်။ ဒါပေမဲ့ အဝေးကွင်းနောက်ဆုံး (၂)ပွဲမှာ နိုင်ပွဲပျောက်ဆုံးထားတာ နာပိုလီအတွက် နာကျင်ဖွယ်ရာဖြစ်နေသလို၊ ဖီအိုရင်တီးနားကလည်း အိမ်ကွင်းနောက်ဆုံးပွဲမှာ ရိုးမားကို (၇)ဂိုးသွင်းထားနိုင်လို့ ယုံကြည်စိတ်မြင့်မားနေလိမ့်မယ်။ ဂိုးများနိုင်တဲ့ပွဲမျိုးဖြစ်ပြီး နာပိုလီ အမှတ်ရမယ်ထင်တယ်။ 

ပါးမား နှင့် အင်တာမီလန် (တနင်္ဂနွေနံနက် ၂းဝ၀ နာရီ)

ဖိအားတွေကြားထဲ နစ်မွန်းနေတဲ့ အင်တာမီလန်နည်းပြ စပယ်လက်တီအတွက် ပွဲကျပ်တစ်ပွဲဖြစ်လာလိမ့်မယ်။ ဂျာဗင်ဟို ဂိုးပေါက်ပြန်တွေ့သွားတဲ့ ပါးမားရဲ့ တိုက်စစ်လုပ်အားနှုန်းက အသင်းကြီးတစ်သင်းစတိုင်မျိုးမရှိတဲ့ အင်တာမီလန်ခံစစ်ကို ထိုးဖောက်အခွင့်အရေးယူပါလိမ့်မယ်။ အဝေးကွင်းနောက်ဆုံး (၆)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရထားသေးတဲ့ အင်တာမီလန် အမှတ်လျော့ဦးမယ်ထင်တယ်။