ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အိမ်ရှင်အဖြစ် (၂)နှစ်ဆက် ကျင်းပခွင့်ရပြီး မန္တလေးမြို့၌ ပြုလုပ်မည်

ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အိမ်ရှင်အဖြစ် (၂)နှစ်ဆက် ကျင်းပခွင့်ရပြီး မန္တလေးမြို့၌ ပြုလုပ်မည်
Photo: Nyi Nyi Soe Nyunt
Photo: Nyi Nyi Soe Nyunt
Published 1 February 2019

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ၂၀၁၈ ကမ္ဘာ့ဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထပ်မံကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ယခုနှစ်ပြိုင်ပွဲကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။ 

နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ၂၀၁၉ ကမ္ဘာ့ဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ (၂)နှစ် ဆက်ကျင်းပခွင့်ပြုကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ထံ အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ၂၀၁၈ ကမ္ဘာ့ဘိလိယက်နှင့် စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ထပ်မံကျင်းပခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ယခုနှစ်ပြိုင်ပွဲကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။ 

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို စက်တင်ဘာဒုတိယပတ်တွင် ကျင်းပရန် စီစဉ်ထားပြီး ကျင်းပမည့်ကာလနှင့် နေရာကို ပြန်လည်အတည်ပြုမည်ဖြစ်သည်။ 

ယခုနှစ် ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား(၆)မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပြိုင်ပွဲထက် ပြိုင်ပွဲအမျိုးအစားတစ်မျိုး တိုးမြင့်လာ မည်ဖြစ်သည်။ 



ယခုနှစ်ပြိုင်ပွဲတွင် ဘိလိယက်ပြိုင်ပွဲ၌ 150 Up နှင့် Long Up  ပြိုင်ပွဲ၊ စနူကာပြိုင်ပွဲ၌ Six-Red တစ်ဦးချင်းပြိုင်ပွဲ၊ 15 Red အသင်းလိုက်ပြိုင်ပွဲ၊ အသက် ၄၀ နှင့်အထက် မာစတာပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ 

"ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ပထမဆုံးလက်ခံကျင်းပတာဖြစ်ပေမယ့် အောင်မြင်အောင် ကျင်းပနိုင်တယ်။ ပြိုင်ပွဲက စနစ်တကျလည်း ရှိတယ်။ ပြိုင်ပွဲကျင်းပတဲ့ ဟိုတယ်ကလည်း အဆင့်မြင့်ပြီး ခမ်းနားမှုရှိတယ်။အကြောင်းအချက်တွေအားလုံး ပြီးပြည့်စုံပြီး နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က တာဝန်ရှိသူတွေလည်း ကျေနပ်တယ်။ ပြိုင်ပွဲဝင်ကစား သမားတွေကလည်း ချီးကျူးကြတာကြောင့် နိုင်ငံတကာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် က ထပ်မံကျင်းပခွင့်ပေးခဲ့တာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ ချုပ်အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ်တွင် အာရှဘိလိယက်နှင့် ယူ-၂၁ စနူကာပြိုင်ပွဲ၊ ကမ္ဘာ့ဘိလိယက်နှင့် စနူကာပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။