၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား (၂၈) ဦးဖြင့်ဖွဲ့စည်း

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၂၂ အသင်းကို ပဏာမကစားသမား (၂၈) ဦးဖြင့်ဖွဲ့စည်း
Photo: EMG
Photo: EMG
Published 29 January 2019

မြန်မာ  ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ (၄) ရက်တွင်  စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲအတွက် (၁၀) ရက်ကျော်သာ ပြင်ဆင်ချိန်ရမည်ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ပြိုင်ပွဲယှဉ်ပြိုင်ရန် ပဏာမကစားသမား (၂၈) ဦးအား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သိရ သည်။ ပိုပေါ့ဗ်သည် ဇန်နဝါရီ ၂၉ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နည်း စနစ်ကော်မတီဝင်များ၊ မြန်မာ ယူ-၂၂ အသင်း လက်ထောက်နည်းပြများနှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ပဏာမလူစာရင်းအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုရွေးချယ်လိုက်သည့် မြန်မာ ယူ-၂၂ အသင်း ပဏာမလူစာရင်းတွင် မျက်နှာသစ် ကစားသမားများ ပါဝင်လာပြီး ဇန်နဝါရီ (၂၇) ရက်က ဗထူးကွင်း၌ ကျင်းပသည့် MNL ပွဲစဉ် (၃) တွင် ရတနာပုံဘက်သို့ ဒုတိယချေပဂိုးသွင်းယူခဲ့သည့် ရန်ကုန်တိုက်စစ်မှူး ကောင်းထက်စိုးအပါအဝင် ရဲမင်းသူ၊ လွှမ်းမိုးဦး၊ အောင်ကိုဦး၊ ဇော်ဝင်းသိန်း၊ ထူးခန့်လွင် တို့ ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၈ ခုနှစ်အတွင်း အမာခံကစားသမားအဖြစ် ပါဝင်ခဲ့သည့် ဆန်းဆက်နိုင်၊ ဘုန်းသစ္စာမင်း၊ စိုးမိုးကျော်၊ ဝင်းမိုးကျော်၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ဝင်းနိုင်ထွန်း၊ ထက်ဖြိုးဝေ၊ ဟိန်းထက်အောင် တို့ ဆက်လက်ရွေးချယ်ခံခဲ့ရပြီး ဒဏ်ရာရနေသည့် တောင်ပံကစားသမား ပြည့်စုံနိုင်မှာမူ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

မြန်မာ  ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ (၄) ရက်တွင်  စခန်းဝင်လေ့ကျင့်မှု စတင်ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲအတွက် (၁၀) ရက်ကျော်သာ ပြင်ဆင်ချိန်ရမည်ဖြစ်သည်။