လိဂ်ဖလားပွဲတွင် ချယ်လ်ဆီးကို အနိုင်ကစားသွားမည်ဟု ပိုချက်တီနို ကြုံးဝါး

လိဂ်ဖလားပွဲတွင် ချယ်လ်ဆီးကို အနိုင်ကစားသွားမည်ဟု ပိုချက်တီနို ကြုံးဝါး
Photos : AFP
Photos : AFP
Published 22 January 2019

စပါးအသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုက လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို အနိုင်ကစား သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုသည် စပါးအသင်း၏ ဒဏ်ရာပြဿနာများနှင့် ဆွန်ဟောင်မင် မကစားနိုင်သည့် အခြေအနေကို ကြုံတွေ့နေရသော်လည်း စိတ်မပူကြောင်းနှင့် ချယ်လ်ဆီးအသင်း၏ကွင်း၌လည်း အနိုင်ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုချက်တီနိုက '' ကျွန်တော်ကတော့ ဒီအခြေအနေကို မစိုးရိမ်ပါဘူး။ မတူခြားနားတဲ့ ကစားသမားတွေနဲ့ ကစားခွင့်ရတာဟာ အလွန်ကောင်း မွန်တဲ့အခွင့်အရေးတစ်ခုအဖြစ် ကျွန်တော်မြင်ပါတယ်။ ကျွန်တော်တို့က ချယ်လ်ဆီးအသင်းရဲ့ကွင်းမှာလည်း အ နိုင်ကစားဖို့အတွက် သွားမှာပါ။ ဒယ်လီအယ်လီ မကစားနိုင်တာဟာ အလွန်ဆိုးရွားတဲ့ ထိုးနှက်ချက်ဖြစ်မလာဖို့အ တွက် ကျွန်တော်မျှော်လင့်ပါတယ်။ အရေးအကြီးဆုံးက ယုံကြည်မှုရှိဖို့ပါပဲ။ ဒီနေ့ဆိုရင် လေ့ကျင့်ရေးကွင်းမှာ လူးကပ်စ်မော်ရာက လေ့ကျင့်ခန်းစဆင်းနိုင်ပါပြီ။ ဖူလ်ဟမ်နဲ့ပွဲတုန်းက မစွန့်စားချင်လို့ သူ့ကို ကျွန်တော်တို့အသုံးမပြုခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေက ရာနှုန်းပြည့်နီးပါး ပြန်ရောက်နေပါပြီ။ ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ အယ် လီ မကစားနိုင်ဘူးဆိုပေမယ့် လူးကပ်စ်က  အရန်ခုံမှာဖြစ် စေ၊ ပွဲထွက်လူစာရင်းမှာဖြစ်စေ ပါလာနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

စပါးအသင်းသည် ပထမအကျော့ အိမ်ကွင်းပွဲစဉ်တွင် ချယ်လ်ဆီးအသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိထားပြီး ယခုပွဲစဉ်တွင် သရေကစားနိုင်ရန် လိုအပ်နေသည်။

Most Read

Most Recent