ဘာစီလိုနာအတွက် ဂိုးအများဆုံးသွင်းသူစာရင်း၌ ဆွာရက်ဇ် အဆင့် (၅)ရောက်ရှိလာ

ဘာစီလိုနာအတွက် ဂိုးအများဆုံးသွင်းသူစာရင်း၌ ဆွာရက်ဇ် အဆင့် (၅)ရောက်ရှိလာ
Photo : AFP, Twitter
Photo : AFP, Twitter
Published 22 January 2019

ဘာစီလိုနာအသင်း၏ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဆွာရက်ဇ်သည် လီဟာနက်စ်အသင်းအား (၃- ၁)ဂိုးဖြင့်အနိုင်ရခဲ့သော လာလီဂါပွဲ စဉ်တွင် အသင်းအတွက် အနိုင်ဂိုး (၁)ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူစာရင်းတွင် အဆင့် (၅)နေရာသို့ ရောက်ရှိလာကြောင်း  သိရသည်။

အသက် (၃၁)နှစ်ရှိ လီဗာပူးလ် အသင်းကစားသမားဟောင်းတစ်ဦးဖြစ်သူ ဆွာရက်ဇ်သည် ၂၀၁၄  ခုနှစ်၊ ဇူလိုင်လတွင် ဘာစီလိုနာအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး (၅)ရာသီအတွင်း ပွဲပေါင်း  (၂၂၃)ပွဲကစားခဲ့ရာ၌  (၁၆၇)ဂိုးသွင်းယူနိုင်ခဲ့ကာ ယခုကဲ့သို့ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ဆွာရက်ဇ်သည် ၁၉၃၄ မှ ၁၉၄၉ ခုနှစ်အထိ ဘာစီလိုနာအသင်းတွင် ပါဝင်ကစားခဲ့သည့် စပိန်တိုက်စစ်မှူးဟောင်း အက်စ်ကိုလာ၏ ဂိုးသွင်းစံချိန်ကိုလိုက်မီခဲ့ခြင်းဖြစ်ကာ လာမည့်ပွဲစဉ်များတွင် ဂိုးသွင်းနိုင်ပါက အဆင့် (၅)၌ လွတ်လွတ်ကျွတ်ကျွတ် ရပ် တည်နိုင်မည်ဖြစ်သည်။

ဘာစီလိုနာ အသင်း၏ ဂိုးအများဆုံးသူစာရင်းတွင်  လက်ရှိပါဝင်ကစားနေသည့် အာဂျင် တီးနားတိုက်စစ်မှူး မက်ဆီက (၅၇၇) ဂိုးဖြင့် ဒုတိယနေရာမှ စပိန်တိုက်စစ်မှူး ဟောင်း ဆီဆာ (၂၃၂ ဂိုး)ကို ပြတ်သားစွာ ဦးဆောင်လျက်ရှိသည်။  

ဆွာရက်ဇ်အနေဖြင့်  တတိယနေရာမှ ကူဘာလာ ( ၁၉၄ ဂိုး) နှင့် စတုတ္ထနေရာမှ ဆမ်မီတီယာ (၁၈၄)ဂိုးတို့ကို လိုက်မီရန် ကြိုးပမ်းရဦးမည်ဖြစ်သည်။

Most Read

Most Recent