ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းများကို ဘာပေ ငြင်းဆန် ခြင်းမရှိ

ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းများကို ဘာပေ ငြင်းဆန် ခြင်းမရှိ
Photos : AFP
Photos : AFP
Published 21 January 2019

PSG အသင်းလူငယ်တိုက်စစ်မှူး ဘာပေက ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဆိုသောသတင်းများနှင့် ပတ်သက်ပြီး ငြင်းဆန်ခဲ့ခြင်းမရှိကြောင်း သိရသည်။ 

ရီးယဲလ်အသင်းသည် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒို ဂျူဗင်တပ်စ်အသင်းသို့ ထွက်ခွာသွားပြီးနောက် ၎င်းင်းနေရာတွင် အစားထိုးရန် နေမာနှင့် ဘာပေတို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ 

ဘာပေက လက်ရှိအချိန်တွင် PSG အသင်း၌ ပျော် ရွှင်နေသော်လည်း အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို ကြိုမသိနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘာပေက ''အခုအချိန်မှာတော့ PSG အသင်းမှာ ကျွန်တော် ပျော်ရွှင်နေပါ တယ်။ ဒါပေမဲ့ ဘောလုံးမှာ အနာဂတ်ကို ဘယ်သူမှ ကြိုမသိ နိုင်ပါဘူး။ ကျွန်တော်ဟာ PSG အသင်းနဲ့ ၂၀၂၁ ခု နှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး အခုအချိန်မှာ ဘာကိုမှ မတွေးချင်သေးပါဘူး''ဟု စပိန်အားကစားသတင်းစာ AS သို့ ပြောကြားခဲ့သည်။ 

ဘာပေသည် PSG အသင်းအတွက် ယခုရာသီ ပြိုင် ပွဲစုံ (၂၃)ပွဲတွင် (၂၁)ဂိုးအထိ သွင်းယူထားသည်။

Most Read

Most Recent