လူမြင်ကွင်းတွင် မဖွယ်မရာပြုမူခဲ့သည့် ဗီဒီယိုဖိုင်ထွက်လာပြီးနောက် မြောက်အိုင်ယာလန်တိုက်စစ်မှူး ဂါဗင်ဝှိုက် အရေးယူခံရဖွယ်ရှိ

လူမြင်ကွင်းတွင် မဖွယ်မရာပြုမူခဲ့သည့် ဗီဒီယိုဖိုင်ထွက်လာပြီးနောက် မြောက်အိုင်ယာလန်တိုက်စစ်မှူး ဂါဗင်ဝှိုက် အရေးယူခံရဖွယ်ရှိ
Published 16 January 2019

မြောက်အိုင်ယာလန်အသင်းတိုက်စစ်မှူး ဂါဗင်ဝှိုက်သည် လူမြင်ကွင်းတွင် သူငယ်ချင်းတစ်ဦးနှင့် မဖွယ်မရာပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင် ထွက်လာပြီးနောက် မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့၏စုံစမ်းမှုကိုခံနေရပြီး အရေးယူခံရဖွယ်ရှိကြောင်းသိရသည်။

မြောက်အိုင်ယာလန်အသင်းတိုက်စစ်မှူး ဂါဗင်ဝှိုက်သည် လူမြင်ကွင်းတွင် သူငယ်ချင်းတစ်ဦးနှင့်အတူ မဖွယ်မရာပြုလုပ်ခဲ့သည့် ဗီဒီယိုဖိုင် ထွက်လာပြီးနောက် မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့၏စုံစမ်းမှုကိုခံနေရပြီး အရေးယူခံရဖွယ်ရှိကြောင်းသိရသည်။

အသက် (၂၂) နှစ်အရွယ်ရှိ League-1 ကလပ် အောက်စဖို့ဒ်အသင်းတိုက်စစ်မှူး ဂါဗင်ဝှိုက်သည် ဇန်နဝါရီ (၁၄) ရက်နေ့ညက မြောက်အိုင်ယာလန်နိုင်ငံတွင် သူငယ်ချင်းဖြစ်သူနှင့် အရက်သေစာသောက်စားမူးယစ်ပြီး လမ်းမပေါ်တွင် တစ်ကိုယ်ရေအာသာဖြေခဲ့ကြခြင်းဖြစ်သည်။

၄င်းတို့နှစ်ဦး ယင်းကဲ့သို့လူမြင်ကွင်းတွင် မဖွယ်မရာပြုလုပ်နေသည့် ဗီဒီယိုဖိုင်ထွက်လာခဲ့ပြီးနောက် အောက်စဖို့ဒ်အသင်းက ကစားသမားအား တွေ့ဆုံပြီးစစ်ဆေးမှုများပြုလုပ်နေသလို မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့ကလည်း ယင်းကိစ္စကို စုံစမ်းမှုများပြုလုပ်နေကာ အရေးသွားဖွယ်ရှိနေကြောင်း သိရသည်။

ဂါဗင်ဝှိုက်သည် ယခုရာသီအစကမှ ခရူစဒါအသင်းမှ အောက်စဖို့ဒ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၈) ပွဲတွင် (၆) ဂိုးသွင်းယူထားသူဖြစ်သည်။

၄င်းသည် မြောက်အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာ (၁၁) ရက်နေ့တွင် စတင်ပွဲထွက်ခဲ့ပြီး လက်ရှိတွင် (၄) ပွဲပါဝင်ကစားပေးထားသူဖြစ်သည်။

မြောက်အိုင်ယာလန်အသင်းတွင် ဂါဗင်ဝှိုက်ကို စတင်ပွဲထွက်ခွင့်ပေးခဲ့သည့် အသင်းနည်းပြ မိုက်ကယ်အိုနေးလ်က ယခုထွက်ပေါ်လာသည့် ဗီဒီယိုထဲတွင် ပါဝင်သည့် ဂါဗင်ဝှိုက်၏ လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ၄င်းကို လက်ရွေးစင်အသင်းတွင်ထပ်မံရွေးချယ်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။