ယနေ့ကစားမည့်ပွဲစဉ်များ  ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ  ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 14 January 2019

မန်စီးတီး နှင့် ဝုလ်ဗ် (အင်္ဂါနံနက် ၂း၃၀ နာရီ)

ဝုလ်ဗ်က ပထမအကျော့တုန်းက မန်စီးတီးကို အိမ်ကွင်းမှာ သရေကစားခဲ့တဲ့အသင်းဖြစ်ပြီး ဒီရာသီအသင်းကြီးတွေနဲ့ ပွဲတွေမှာ အံ့သြစရာကောင်းတဲ့ရလဒ်တွေကို ယူထားနိုင်တဲ့အသင်းဖြစ်တယ်။ ပဲလေ့စ်ကို အိမ်ကွင်းမှာ ရှုံးခဲ့ပေမယ့် ဒီပွဲမတိုင် ခင်ကစားခဲ့တဲ့ အဝေးကွင်းနောက်ဆုံးပွဲမှာ စပါးကို (၃-၁)ဂိုးနဲ့ မထင်မှတ်ဘဲ အနိုင်ယူခဲ့တာ၊ အခု ဒီပွဲမကစားခင် နောက်ဆုံးကစားခဲ့တဲ့ FA ဖလားပွဲမှာ လီဗာပူးလ်ကို အနိုင်ယူပြီး ပြိုင်ပွဲက ထွက်ခွာရစေခဲ့တာတွေက မန်စီးတီးအတွက် သတိထားကစားရ မယ့် ပြိုင်ဘက်ဆိုတာကို ပြနေတယ်။ မန်စီးတီးအသင်းရဲ့တိုက်စစ်ပိုင်းမှာ စတာလင်၊ ဆာနေးတို့  ခြေစွမ်းပြနေပြီး အထူးသဖြင့် စတာလင်က Peak Form ကို ရောက်နေတယ်လို့ ဆိုရမယ်။ ဒီဘရိုင်းနား-ဖာနန်ဒင်ဟို-ဒေးဗစ်ဆေးလ်ဗား အတွဲက မနှစ်က မန်စီးတီးကို မယုံနိုင်စရာ ရလဒ်တွေယူပေးခဲ့တဲ့ကွင်းလယ်အတွဲဖြစ်ပြီး အခု ဒီအတွဲအဖက် ပြန်ကစားနိုင်ပြီဆိုရင် မန်စီးတီးရဲ့ အကောင်းဆုံးပုံစံကို ပြန်မြင်ရဖို့မခက်တော့ဘူး။ လီဗာပူးလ်ကို အနိုင်ကစားခဲ့ပြီးနောက် အမြင့်ဆုံးပြန်ရောက်လာတဲ့ စိတ်ဓာတ်ပိုင်းက ဒီပွဲမှာ ပေါက်ကွဲအားကောင်းကောင်းနဲ့ အနိုင်ယူပြဖို့များတယ်။ ဝုလ်ဗ်ရဲ့လက်ရှိ ခြေစွမ်း၊ အသင်းကြီးတွေနဲ့ မှတ်တမ်းတွေက အားရစရာဆိုပေမယ့် ဒီပွဲက မန်စီးတီး ဂိုးပြတ်သွင်းမယ့်ပွဲပါ။ 

ဆိုစီဒက် နှင့် အက်စ်ပန်ညို (အင်္ဂါနံနက် ၂း၃၀ နာရီ)

နှစ်သစ်ကိုနိုင်ပွဲနဲ့ ပြန်စလိုက်နိုင်ပေမယ့် အက်စ်ပန်ညိုရဲ့ အဝေးကွင်းခြေစွမ်းကို မှန်းရမလွယ်လှသေးဘူး။ ဒီလိုပဲ ဆိုစီဒက်ကလည်း အိပ်ကွင်းထက် အဝေးကွင်းမှာ ပိုခြေစွာပြနေပြီး အိမ်ကွင်းမှာ ခြေစွမ်းအတက်အကျမမှန်တဲ့ အသင်းဆိုတော့ ဒီနှစ်သင်းရဲ့ ပွဲက မှန်းရသိပ်မလွယ်လှဘူး။ ဂိုးနည်းနည်းနဲ့ သရေကျသွားမယ့်ပွဲလို့ပဲ မှန်းထားလိုက်တယ်။

ကာဂလီယာရီ နှင့် အတ္တလန်တာ (တနင်္လာည ၁၁းဝ၀ နာရီ)

ကာဂလီယာရီအသင်းက ဒီရာသီမှာ အိမ်ကွင်းရှုံးပွဲ(၁)ပွဲသာရှိသေးပြီး နာပိုလီကို အရေးနိမ့်ခဲ့တာပါ။ အတ္တလန်တာအသင်းရဲ့ အဝေးကွင်းရလဒ်ပိုင်း မဆိုးပေမယ့် ကာဂလီယာရီကို ရွေးချယ်တာ ပိုကောင်းမယ်ထင်တယ်။

ရိုးမား နှင့် ဗာတူအန်တယ်လာ (အင်္ဂါနံနက် ၂း၃၀ နာရီ)

ကိုပါအီတာလီယာပြိုင်ပွဲမှာ ရိုးမားအသင်း မထင်မှတ်တာတွေဖြစ်လေ့ရှိပေမယ့် စီးရီးစီကလပ်နဲ့ပွဲမှာ အမှားမခံပါဘူး။ ရိုးမား အနိမ့်ဆုံး(၂)ဂိုးပြတ်မှာပါ။