ကိုပါအီတာလီယာပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ကိုပါအီတာလီယာပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Alfredo Pedullà
Photo : Alfredo Pedullà
Published 13 January 2019

တိုရီနို နှင့် ဖီအိုရင်တီးနား (တနင်္ဂနွေ ည ၈း၃ဝနာရီ)

ဖီအိုရင်တီးနားအသင်းက အေစီမီလန်ကို မီလန်မြေမှာ အနိုင်ကစားနိုင်ခဲ့ပေမယ့် အဝေးကွင်းမှာတော့ အားနည်းချက်ရှိ တဲ့အသင်းပါ။ ပွဲကျပ်ကာလမှာ သိပ်ပုံမပျက်သွားတဲ့ တိုရီနိုမိနစ် (၉၀)အတွင်း ရှုံးဖို့မရှိပါဘူး။

အင်တာမီလန် နှင့် ဘင်နီဗင်တို (တနင်္ဂနွေ ည ၁၁း၃ဝနာရီ)

အင်တာမီလန် ချန်ပီယံလိဂ်က ထွက်လိုက်ရပြီးနောက်ပိုင်း ပြည်တွင်းပွဲတွေမှာ ရလဒ်ပြန်ကောင်းလာတာ တွေ့ရတယ်။ အင်တာတိုက်စစ်က (၁)ဂိုးထက်ပိုမျှော်လင့်လို့မရပေမယ့် စီးရီးဘီကလပ်ကိုတော့ ဂိုးပြတ်သွင်းလောက်တယ်။

နာပိုလီ နှင့် ဆာဆူအိုလို (တနင်္လာ နံနက် ၂း၁၅ နာရီ)

နာပိုလီအသင်း စီးရီးအေမှာ သိပ်ဖိအားမရှိတော့သလို၊ ဥရောပပြိုင်ပွဲမှာလည်း ယူရိုပါလိဂ်ဘက်ရောက်သွားလို့ ပြည် တွင်းဖလားပြိုင်ပွဲကို အာရုံစိုက်လာနိုင်တယ်။ နာပိုလီအနေနဲ့ ဒီပွဲပြီးရင် လာဇီယို၊ အေစီမီလန်တို့နဲ့ပွဲကျပ်တွေရှိပေမယ့် ကြားပွဲမရှိလို့ လူစုံထုတ်ဖို့များပါတယ်။ ဆာဆူအိုလိုက အသင်းကြီးတွေကို ယှဉ်နိုင်စွမ်းမရှိလို့ နာပိုလီကို ကြိုက်တယ်။

Most Read

Most Recent