စပိန်လာလီဂါပွဲစဉ်(၁၉) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၁၉) ပွဲကြိုသုံးသပ်ချက်
Photo : ESPN
Photo : ESPN
Published 12 January 2019

ယနေ့တွင် လာလီဂါ ပွဲစဉ်ပေါင်း(၄)ပွဲရှိပါသည်။

လီဟာနက်စ် နှင့် ဟူဆကာ (စနေညနေ ၆း၃၀ နာရီ)

လောလောဆယ်မှာ လီဟာနက်စ်ဟာ ရီးယဲလ်နဲ့ ကစားရမယ့် စပိန်ဘုရင့်ဖလားကိုပဲ အာရုံပိုစိုက်ထားဖို့များနေတယ်။ ဟူဆကာကလည်း နှစ်သစ်အိမ်ကွင်းနိုင်ပွဲနဲ့အတူ ပြန်နိုးထလာနိုင်ဖို့ ကြိုးစားနေချိန်ဖြစ်လို့ လီဟာနက်စ်ကွင်းမှာ အမှတ်ရဖို့အားထုတ်မှာ သေချာပါတယ်။ ဂိုးနည်းသရေပွဲလို့ပဲ ထင်တယ်။

ဗလင်စီယာ နှင့် ဗယ်လာဒိုလစ် (စနေည ၉း၄၅ နာရီ)

နှစ်သစ်ကို အရှုံးနဲ့စလိုက်ရလို့ အခုအိမ်ကွင်းပွဲကိုတော့ ဗလင်စီယာ သေချာအားပြုကစားလာဖို့များနေတယ်။ ဗယ်လာဒိုလစ်ကလည်း အခုတလော တိုက်စစ်မရှိဘဲ ရုန်းကန်နေရတဲ့ပုံပေါ်နေလို့ ဗလင်စီယာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။

ဟီရိုနာ နှင့် အလာဗတ်စ် (စနေည ၁၂းဝ၀ နာရီ)

ဒီနှစ်သင်းကစားပုံနဲ့ ခြေစွမ်းကသိပ်မကွာကြဘူး။ ဒါပေမဲ့ အလာဗတ်စ်က အဝေးကွင်းမှာ ရုန်းကန်ရလေ့ရှိပြီး ဟီရိုနာကတော့ အိမ်ကွင်းဆို ပိုခြေစွမ်းပြတတ်လို့ ဒီပွဲက ဟီရိုနာရဲ့ပွဲဖြစ်သွားဖို့ များနေတယ်။ ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်နေတဲ့ အိမ်ရှင် ဟီရိုနာနဲ့ ဂိုးအများကိုပဲ ကြိုက်တယ်။

ဗီလာရီးယဲလ် နှင့် ဂီတာဖေး (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဗီလာရီးယဲလ်လည်း နှစ်သစ်မှာ နိုင်ပွဲရှာနေရတုန်းပဲ။ အသင်းက တန်းဆင်းဇုန်ထဲ ရောက်နေလို့ ပိုရုန်းနေပေမယ့် တိုက်စစ်အားပျော့သလို ဖြစ်နေသေးတာက အားနည်းချက်လိုဖြစ်နေတယ်။ ဂီတာဖေးကလည်း အဝေးကွင်းမှာ ခံစစ်ကို သတိထားကစားတဲ့အသင်းဆိုတော့ ဗီလာရီးယဲလ်တိုက်စစ် ဒီပွဲလည်း ဂိုးရဖို့ မလွယ်လှဘူး။  ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။