ရန်ကုန်ကို ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ယူပြီး ရှမ်းယူနိုက်တက်အသင်း  ချာရတီဖလားအား ဆွတ်ခူး

ရန်ကုန်ကို ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ယူပြီး ရှမ်းယူနိုက်တက်အသင်း  ချာရတီဖလားအား ဆွတ်ခူး
Published 6 January 2019

၂၀၁၉ ရာသီကြို MFF ချာရတီဖလား ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်က အောင်ဆန်းကွင်း၌ ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက

ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့ တစ်ဂိုးစီသရေကျနေ၍

ပယ်နယ်တီဖြင့် ဆုံးဖြတ်ရာ ရှမ်းယူနိုက်တတ်အသင်းက (၄-၃) ဂိုး၊ စုစုပေါင်း (၅-၄) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

နှစ်သင်းစလုံး နိုင်ငံခြားသားကစားသမား သုံးဦးစီဖြင့် ပွဲထွက်ခဲ့သော်လည်း ပြည်တွင်းကစားသမားအသစ်အချို့ကို အသုံးပြုခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ခံစစ်နေရာတွင် အောင်ရှိုးသာမောင်နှင့် နန္ဒကျော်ကို အသုံးပြုခဲ့ပြီး သီဟစည်သူ၊ ရန်နိုင်ဦး၊

ဟိန်းသီဟဇော်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ ရန်ကုန်အသင်းသည် ကျော်ဇင်ထက် (ဂိုး) နှင့် မင်းကျော်ခန့်တို့ ပွဲပယ်ခံထားရသဖြင့်

ဆန်းဆက်နိုင်က ဂိုးသမားတာဝန်ယူခဲ့ပြီး မောင်မောင်လွင်၊ ကျော်ဇင်ဦး၊ မင်းကိုသူ၊ ရန်အောင်ကျော်တို့ကို အသုံးပြုကာ

မျက်နှာသစ်ကစားသမား ကောင်းထက်စိုးကိုလည်း ပွဲထွက်စာရင်းတွင် ပထမဆုံးအသုံးပြုခဲ့သည်။ ပထမပိုင်းခြေစွမ်းအရ

ရှမ်းယူနိုက်တက်အသင်းက ကစားပုံပိုကောင်းခဲ့ပြီး ဂိုးရနိုင်သည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သည်။ ၂၅ မိနစ်တွင်

ရှမ်းယူနိုက်တက်အသင်း ဂိုးစရခဲ့ပြီး တိုက်စစ်မှူး မေကွန်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းယူခဲ့သည်။

ဂိုးရပြီးနောက်ပိုင်းတွင်လည်း ရှမ်းယူနိုက်တက်အသင်း ဂိုးရနိုင်သည့်အခွင့်အရေးများရရှိခဲ့ပြီး ရွှေကို၏ ကန်ချက် တိုင်ထိသွားသဖြင့်

နစ်နာခဲ့ရသည်။  ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက ချေပဂိုးရရန် အားထည့်ကစားလာပြီး ၅၂ မိနစ်တွင်  နောက်ခံလူ မိုကာလူးက

ပြစ်ဒဏ်ဘောကို ခေါင်းတိုက်၍ ချေပဂိုး ပြန်လည်သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ

အပြောင်းအလဲပြုလုပ်၍ တိုက်စစ်အားတင်ခဲ့သော်လည်း  ဂိုးထပ်သွင်းနိုင်ခြင်းမရှိဘဲ ပယ်နယ်တီဖြင့် ဆုံးဖြတ်ခဲ့ရသည်။

ပယ်နယ်တီကန်သွင်းရာတွင် ရှမ်းယူနိုက်တက်အသင်းက ငါးကြိမ်ကန်ရာ လေးဂိုးဝင်ခဲ့ပြီး ဇွဲသက်ပိုင်၏ ကန်သွင်းမှုကို ရန်ကုန်

ဂိုးသမား ဆန်းဆက်နိုင် ကာကွယ်နိုင်ခဲ့သည်။ ရန်ကုန်အသင်းမှာမူ ငါးကြိမ်ကန်သွင်းရာတွင် သုံးဂိုးသာဝင်ခဲ့ပြီး ကြည်လင်းနှင့် ယာမာ

ဇာကီတို့၏ ကန်သွင်းမှုများကို ဂိုးသမား သီဟစည်သူ လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် MFF ချာရတီဖလားပြိုင်ပွဲတွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်

ဗိုလ်စွဲခဲ့သည်။ ထို့ပြင် ရန်ကုန်အသင်းနှင့် သုံးကြိမ်မြောက်တွေ့ဆုံရာတွင် ဒုတိယအကြိမ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အသင်းမှာမူ လေးကြိမ်မြောက် ဗိုလ်စွဲနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပယ်နယ်တီအဆုံးအဖြတ်တွင် အရေးနိမ့်ပြီး

နှစ်ကြိမ်ဆက်ဗိုလ်စွဲနိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသည်။ ရန်ကုန်အသင်းသည် ယခုပွဲတွင်  ပုံမှန်သာကစားနိုင်ခဲ့ပြီး

ပြီးခဲ့သည့်ရာသီက အောင်မြင်မှုရခဲ့သည့် ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိပေ။ ရှမ်းယူနိုက် တက်အသင်းသည် ချာရတီဖလားကို ၂၀၁၄

ခုနှစ်တွင် ပထမဆုံးရယူပြီးနောက်ပိုင်း အောင် မြင်မှုနှင့် ဝေးကွာနေရာမှ ငါးနှစ်အကြာတွင် တစ်ကျော့ပြန် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း

သိရသည်။

ယင်းပွဲတွင် ရန်ကုန်အသင်း တောင်ပံကစားသမား မောင်မောင်လွင်သည် ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့သောကြောင့် ကြည်လင်းနှင့်

လူစားလဲခဲ့ရသည်။

ပယ်နယ်တီကန်သွင်းမှု

ရန်ကုန်            ရှမ်း

ဆယ်လာ (ဝင်)        မေကွန် (ဝင်)    

မိုကာလူး (ဝင်)        ဂူစတာဗို (ဝင်)        

ကြည်လင်း (မဝင်)        နန္ဒကျော် (ဝင်)        

ရန်လင်းအောင် (ဝင်)        ဇွဲသက်ပိုင် (မဝင်)

ယာမာဇာကီ (မဝင်)        ဒေးဗစ်ဒန်း (ဝင်)

        

        

    

        

        

Most Read

Most Recent