တစ်ဦးချင်းအောင်မြင်မှုထက် အသင်းနှင့် အောင်မြင်မှုရရှိရေးကို ပိုလိုလားကြောင်း စီရော်နယ်လ်ဒို ပြောကြား

တစ်ဦးချင်းအောင်မြင်မှုထက် အသင်းနှင့် အောင်မြင်မှုရရှိရေးကို ပိုလိုလားကြောင်း စီရော်နယ်လ်ဒို ပြောကြား
Photo: AFP/Getty Images
Photo: AFP/Getty Images
Published 1 January 2019

ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက တစ်ဦးချင်းအောင်မြင်မှုထက် အသင်းနှင့်အတူ အောင်မြင်မှုရရေးကို ပိုလိုလားကြောင်း ပြောကြားခဲ့သည်။

Ballon d'Or ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနှင့် (၅)ကြိမ်အထိ စံချိန်တင်ရရှိထားသည် စီရော်နယ်လ်ဒိုက ၎င်းအနေဖြင့် တစ်ဦးချင်းဆုတံဆိပ်များကို မဖြစ်မနေရယူနိုင်မည်ဆိုသည့် စိတ်ဓာတ်မျိုးမရှိကြောင်း Four Four Two မဂ္ဂဇင်းနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီရော်နယ်လ်ဒိုက "တစ်ဦးချင်းဆုတံဆိပ်ကို အာသာငမ်းငမ်းလိုချင်နေတဲ့ စိတ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။ အရေးအကြီးဆုံးက ကျွန်တော့်အနေနဲ့ အသင်းကို ကူညီပေးနိုင်ဖို့ပါ။ အသင်းနဲ့အတူ ဆုတံဆိပ်ကိုရယူဖို့က

အရေးအကြီးဆုံးဖြစ်ပြီး ကျန်တာတွေကတော့ အပိုဆုပါပဲ။ ဒါပေမဲ့ တစ်ဦးချင်းဆုတံဆိပ်တွေကို ရရှိရင် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒါကို ကျွန်တော့်အနေနဲ့ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

အသက် (၃၃)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ယခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဂျူဗင်တပ်စ်အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၁၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းနှင့်အတူ ခြေစွမ်းပြကစားနေကာ ပြိုင်ပွဲစုံ (၂၄)ပွဲတွင် (၁၅)ဂိုးအထိ သွင်းယူပေးထားသည်။