ကွာဒရာဒိုသည် သုံးလကြာ အနားယူရ ပါက မတ်လကုန်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး ချန်ပီယံ လိဂ် ၁၆ သင်းအဆင့်ပွဲကိုလည်း လွဲ ချော်မည်ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်း တောင်ပံ ကစားသမား ကွာဒရာဒိုသည် ဒူး ဒဏ်ရာခွဲစိတ်ကုသမှုကြောင့် သုံးလ ခန့် အနားယူရဖွယ်ရှိကြောင်း သိရ သည်။
ကွာဒရာဒိုသည် ဒီဇင်ဘာ ဒုတိယပတ်အတွင်း ယန်းဘွိုင်းစ် အသင်းနှင့်ကစားသည့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်၌ ဝဲဘက်ဒူး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏ ဒဏ်ရာကို ပြီးခဲ့သည့်ရက်ပိုင်းက ခွဲ စိတ်ကုသမှုပြုလုပ်ရာ အောင်မြင်မှု ရရှိကြောင်း ဂျူဗင်တပ်စ်အသင်းက ထုတ်ပြန်သော်လည်း အနားယူရ မည့်ကာလကိုမူ ကြေညာခဲ့ခြင်းမရှိ ကြောင်း သိရသည်။
''ကွာဒရာဒို၏ ခွဲစိတ်ကုသမှုမှာ ရာနှုန်းပြည့်အောင် မြင်ပါသည်။ ကစားသမားအနေဖြင့် လာမည့်ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်ရေးလုပ်ငန်း များ စတင်နိုင်ပါမည်''ဟု ဂျူဗင် တပ်စ်အသင်းက ထုတ်ပြန်သည်။
အီတလီမီဒီယာများကမူ ၎င်းအနေဖြင့် ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် သုံးလ နှင့်အထက် အနားယူရဖွယ်ရှိကြောင်း ခန့်မှန်းဖော်ပြလျက်ရှိသည်။
ကွာဒရာဒိုသည် သုံးလကြာ အနားယူရ ပါက မတ်လကုန်ပိုင်းမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး ချန်ပီယံ လိဂ် ၁၆ သင်းအဆင့်ပွဲကိုလည်း လွဲ ချော်မည်ဖြစ်သည်။