ကွန်တေရဲ့ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲဆက်တဲ့ ချယ်လ်ဆီး

ကွန်တေရဲ့ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲဆက်တဲ့ ချယ်လ်ဆီး
Photos : Action & BPI
Photos : Action & BPI
Published 30 December 2018

ခရစ္စတယ်ပဲလေ့စ် ၀-၁ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက ကွင်းလယ်လူ ကွန်တေ ဒုတိယပိုင်းမှာသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ အဝေးကွင်းနိုင်ပွဲဆက်ခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့အနိုင်ဂိုးကို (၅၁)မိနစ်မှာ ကွင်းလယ်ကနေ တိုက်စစ်အထိလိုက်တက်သွားတဲ့ ကွန်တေက ဒေးဗစ်လူးဝစ်ဇ်ရဲ့ Through Ball ကနေ သွင်းယူပေးခဲ့တာပါ။

ကွန်တေအနေနဲ့ ဒီရာသီ လိဂ်ဂိုး (၃)ဂိုးအထိရှိလာပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ သူ့ရဲ့သွင်းဂိုးအများဆုံးရာသီဖြစ်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု (၆၇%)အထိ ရခဲ့ပေမယ့် Clear-cut Chance တွေတော့ သိပ်မရခဲ့ပါဘူး။

အိမ်ရှင် ပဲလေ့စ်အသင်းကတော့ Counter- Attack ကို အားပြုကစားခဲ့ပေမယ့် ပွဲချိန်(၈၅)မိနစ်ရောက်မှ ချယ်လ်ဆီးဂိုးပေါက်ကို ပထမဆုံးခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဝီလီယံရဲ့ဖရီးကစ် တိုင်ထိခဲ့ပြီး ဘာကလေ ကန်သွင်းမှုကလည်း ဘားတန်ထိသွားခဲ့လို့ အိမ်ရှင်အသင်း သက်သာခဲ့ရတာပါ။

ဒီနိုင်ပွဲဟာ ချယ်လ်ဆီးအသင်းအဖို့ ပရီးမီးယားလိဂ်လန်ဒန်ဒါဘီတွေမှာ (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးဟာ လီဗာပူးလ်ကိုဂိုးပြတ်ရှုံးခဲ့တဲ့ အာဆင်နယ်အသင်းကို (၅)မှတ်အထိ ဖြတ်ထားခဲ့ပါတယ်။

Most Read

Most Recent