ရာဘီယူအား လာမည့် ဇန်နဝါရီတွင် ရောင်းချရန် PSG အသင်းစီစဉ်နေ

ရာဘီယူအား လာမည့် ဇန်နဝါရီတွင် ရောင်းချရန် PSG အသင်းစီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 30 December 2018

 

ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် အသင်း၏ ပြင်သစ်ကွင်းလယ်လူ ရာဘီယူအား လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း ရောင်ချသွားရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror ကဖော်ပြခဲ့သည်။

အသက် (၂၃) နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ ရာဘီယူသည် PSG အသင်း၏ စာချုပ်သက်တမ်းတိုးရန်ကမ်းလှမ်းမှုကို (၃) ကြိမ်တိုင်ပယ်ချခဲ့ပြီး ယခုရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းပြောင်းရွှေ့ရန်စီစဉ်နေသူဖြစ်သည်။

ရာဘီယူအား ယခုရာသီကုန်တွင် ခေါ်ယူရန် စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းက အကြိုသဘောတူညီမှုရရှိခဲ့ပြီဟု ပြင်သစ်နှင့် စပိန်မီဒီယာများက ဖော်ပြခဲ့ကြသော်လည်း PSG အသင်းသည် ရာဘီယူကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုခြင်းမရှိဘဲ ကစားသမားထံမှ ပြောင်းရွှေ့ကြေးရရှိရန် အလိုရှိနေခြင်းဖြစ်သည်။

PSG အသင်းသည် အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုထားသည့် ရာဘီယူကို ပွဲကစားခွင့်မပေးတော့သလို ပြင်သစ်သတင်းစာ Paris United ၏ ဖော်ပြမှုအရ PSG အသင်းနည်းပြတူဟယ်လ်သည် ၄င်းအားအဝတ်လဲခန်းအတွင်းပင် ဝင်ရောက်ခွင့်ပိတ်ပင်ထားကြောင်းသိရသည်။

PSG အသင်းနှင့်အတူ ထွန်းတောက်လာသည့် ရာဘီယူအား ဘာစီလိုနာအသင်းအပြင် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်တို့ကလည်း စိတ်ဝင်စားနေကြကြောင်း သိရသည်။

ထို့ကြောင့် PSG အသင်းသည် ရာဘီယူကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရာသီကုန်တွင် လက်လွှတ်ရမည့်အစား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ပြောင်းရွှေ့ကြေး ပေါင် (၁၀) သန်းနှင့် (၁၅) သန်းဝန်းကျင်ကြားဖြင့် ၄င်းကိုရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။

ရာဘီယူသည် PSG အသင်းနှင့်အတူ ၂၀၀၂ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပြီး အသင်းအတွက် (၇) ရာသီအတွင်း ပြိုင်ပွဲစုံ (၂၁၉) ပွဲကစားရာ (၂၄) ဂိုးသွင်းယူနိုင်ခဲ့သလို၊ အသင်းနှင့်အတူ ပြည်တွင်းဆုဖလားများစွာရယူနိုင်ခဲ့သည်။

Most Read

Most Recent