အေစီမီလန်အသင်းနည်းပြ ဂတ်တူဆို၏အနာဂတ်ကို နှစ်ပွဲသာ စောင့်ကြည့်မည်

အေစီမီလန်အသင်းနည်းပြ ဂတ်တူဆို၏အနာဂတ်ကို နှစ်ပွဲသာ စောင့်ကြည့်မည်
Photos : AFP
Photos : AFP
Published 25 December 2018

ဂတ်တူဆို (၄၀ နှစ်) သည် အေစီမီလန် အသင်းအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ရာသီ ကုန်၌ အဆင့် ၆ နေရာဖြင့် ယူရိုပါလိဂ်ဝင်ခွင့် ရရှိစေခဲ့သည်။

စီးရီးအေပြိုင်ပွဲ၌ ရလဒ်ပိုင်းတည်ငြိမ်မှု မရှိဘဲ ရုန်းကန်နေရသည့် အေစီမီလန်အသင်းသည် နည်းပြ ဂတ်တူဆို၏အနာဂတ်ကို လာမည့်နှစ်ပွဲသာ ဆက်လက်စောင့်ကြည့်သွား မည်ဖြစ်ကြောင်း Football Italia သတင်း ဌာန၏ဖော်ပြချက်အရ သိရသည်။

အေစီမီလန်အသင်းသည် အမှတ်ပေး ပြိုင်ပွဲ၌ ၁၇ ပွဲကစားအပြီး ခုနစ်ပွဲနိုင်၊ ခြောက် ပွဲသရေ၊ လေးပွဲရှုံး၊ ၂၇ မှတ်ဖြင့် အဆင့် ၅ နေရာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ လာဇီယိုအသင်းထက် တစ်မှတ်လျော့နည်းနေသည်။ 

အေစီမီလန် အသင်းသည် နိုဝင်ဘာပထမပတ်အထိ ရလဒ် ပိုင်း ကောင်းမွန်ခဲ့သော်လည်း နောက်ဆုံး ကစားထားသည့် စီးရီးအေခြောက်ပွဲတွင်မူ တစ်ပွဲသာအနိုင်ရကာ သုံးပွဲသရေ၊ နှစ်ပွဲရှုံးနိမ့် ခဲ့သည်။ 

ထို့ပြင် တိုရီနို၊ ဘိုလော့ဂ်နာအသင်း တို့နှင့် ဂိုးမရှိသရေ၊ ပြီးခဲ့သည့်စနေနေ့တွင် ဖီအိုရင်တီးနားအသင်းအား အိမ်ကွင်း၌ (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ရာ သုံးပွဲဆက်တိုက် နိုင်ပွဲမရ သည့်အပြင် တစ်ဂိုးမျှလည်း သွင်းယူနိုင်ခြင်း မရှိသောကြောင့် ဂတ်တူဆို၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ အသင်းတာဝန်ရှိသူများသည် ယခုနှစ်မကုန်မီ ဖရိုဆီနိုနီ၊ SPAL အသင်းတို့နှင့်ကစားမည့် နှစ်ပွဲကိုသာ ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ပြီး ယင်းနှစ်ပွဲ၌ အနိုင်ရလဒ်အပြင် ခြေ စွမ်းပိုင်း ကောင်းမွန်ရန်ပါ လိုအပ်နေသည်။ 

ဂတ်တူဆိုအား ထုတ်ပယ်ပါက အာဆင်နယ် အသင်းနည်းပြ အာစင်ဝင်းဂါးကို ခန့်အပ်ရန် ရေပန်းစားနေကြောင်း သိရသည်။

ဂတ်တူဆို (၄၀ နှစ်) သည် အေစီမီလန် အသင်းအား ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ရာသီ ကုန်၌ အဆင့် ၆ နေရာဖြင့် ယူရိုပါလိဂ်ဝင်ခွင့် ရရှိစေခဲ့သည်။

Most Read

Most Recent