ရီးယဲလ်အသင်းသည် ဒီဇင်ဘာ(၁၉)၌ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျပန်ကလပ် ကာရှီးမားအန်တလာစ်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲတွင် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်း နှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ရန် ယူအေအီးနိုင်ငံသို့ ရောက်ရှိနေသော ရီးယဲလ် နည်းပြ ဆိုလာရီက ချန်ပီယံဆုကို ကာကွယ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ကြောင်း ပြသသွားလိုသည်ဟု ပြောကြားခဲ့သည်။
ရီးယဲလ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘာစီလိုနာအသင်းနှင့်အပြိုင် ချန်ပီယံဆု အများဆုံးရရှိထားသည့်အသင်း ဖြစ်သလို၊ လက်ရှိချန်ပီယံလည်း ဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ကာကွယ် နိုင်ခဲ့ပါက အအောင်မြင်ဆုံးအသင်းအဖြစ် ရပ် တည်နိုင်မည်ဖြစ်သည်။
ရီးယဲလ်အသင်းသည် ဒီဇင်ဘာ(၁၉)၌ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျပန်ကလပ် ကာရှီးမားအန်တလာစ်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဗိုလ်လုပွဲတွင် အာဂျင်တီးနားကလပ် ရေးဗားပလိတ်အသင်း နှင့် ဆုံတွေ့ရလိမ့်မည်ဟု ထင်ကြေးပေးခံထားရသည်။
ရီးယဲလ်အသင်းသည် လက်ရှိအချိန် တွင် စွမ်းဆောင်ရည်ကျဆင်းနေမှုကြောင့် ပရိ သတ်များ၏ လှောင်ပြောင်မှုများနှင့် ရင်ဆိုင် နေရသော်လည်း နည်းပြ ဆိုလာရီက ''အခု ဒီနေရာကိုရောက်လာတာ ဆုဖလားရယူဖို့ပါ။ ဒီပြိုင်ပွဲကို တန်ဖိုးကြီးတယ်လို့ ခံယူထားသလို၊ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ကြောင်း ပြသလိုပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဆုဖလားရယူနိုင်ခဲ့တဲ့ ကစားသမား တွေလည်း ရှိနေတာကြောင့် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ မျှော်လင့်ပါတယ်။ လောလော ဆယ် ကာရှီးမားအန်တလာစ်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်''ဟု ဆိုခဲ့သည်။