ကွင်းလယ်လူ ဖိုဒန်အား မန်စီးတီးအသင်း ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

ကွင်းလယ်လူ ဖိုဒန်အား မန်စီးတီးအသင်း ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို
Photo : Twitter
Photo : Twitter
Published 11 December 2018

မန်စီးတီးအသင်းသည် အင်္ဂလန်ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်အား ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရှိရသည်။ အသက်(၁၈)နှစ်သာရှိသေးသည့် ဖိုဒန်သည် မန်စီးတီးလူငယ်အသင်းမှ ထွက်ပေါ်လာသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကတည်းက ဂွါဒီယိုလာ၏ စမ်းသပ်နေရာပေးခြင်းကို ခံခဲ့ရသူဖြစ်သည

ဂွါဒီယိုလာ၏ထောက်ခံမှုဖြင့်ပင် မန်စီးတီးအသင်းသည် ဖိုဒန်ကို သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လစာပေါင်(၃၀၀၀၀)ဖြင့် ကမ်း လှမ်းမှုကို ဖိုဒန်ကလည်း လက်ခံခဲ့၍ ၂၀၂၄ ခုနှစ်အထိ သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

ဖိုဒန်သည် ယခုရာသီတွင် နည်းပြဂွါဒီယိုလာလက်အောက်၌ မန်စီးတီးအသင်းအတွက် (၁၃)ပွဲပါဝင်ကစားပေးထားပြီး အနာဂတ်တွင်ထွန်းတောက်လာမည့်ကစားသမားတစ်ဦးဖြစ်အဖြစ် ထင်ကြေးပေးခံထားရသူဖြစ်သည်။ 

ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဖီယင်နုအသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ပွဲထွက်အဖြစ်ပါဝင်ကစားခဲ့သော ဖိုဒန်သည် ပြိုင်ပွဲသမိုင်း တစ်လျှောက် စတုတ္ထမြောက်အသက်ငယ်ဆုံးအင်္ဂလန်ကစားသမားအဖြစ် (၁ရနှစ် ၁၇၇ ရက် )နှင့် ရပ်တည်နိုင်ခဲ့သူလည်းဖြစ်သည်။ 

ဖိုဒန်အား သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မန်စီးတီးအသင်းအားကစားဒါရိုက်တာ ဘီဂီရစ်စတိန်းက '' ဖီးလ်ကို (၅)နှစ်ခွဲစာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ကျေနပ်ပျော်ရွင်မိပါတယ်။ သူက အရည်အသွေးပြည့်ဝတဲ့ကစားသမားတစ်ဦးပါ။ မန်စီးတီးမှာ မွေးဖွားကြီးပြင်းလာတဲ့သူတစ်ယောက်ဖြစ်လို့ ဒီနေရာဟာ သူ့အတွက် ဘောလုံးကစားချင်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာနဲ့ တခြားအသင်းဖော်တွေအားလုံးကလည်းသူ့ကိုအားပေးကူညီမှုတွေပြုလုပ်နေ

ပါတယ်။ ဒါကြောင့် ကစားသမားတစ်ဦးအဖြစ် ဒီနေရာဟာ သူ့အတွက်အကောင်းဆုံးနေရာတစ်ခုပါပဲ '' ဟု ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ဖိုဒန်အား ပြီးခဲ့သည့်သြဂုတ်လက ဒေါ့မွန်အသင်းသို့ပြောင်းရွှေ့သွားခဲ့သည့် ဆန်ချိုကဲ့သို့ လက်လွတ်ဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုုပ်ဆိုရန်  စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent