အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ မန်စီးတီးအသင်းအမှားအယွင်းမရှိရှေ့ဆက်

အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ မန်စီးတီးအသင်းအမှားအယွင်းမရှိရှေ့ဆက်
Photo: Reuters
Photo: Reuters
Published 1 December 2018

■ မန်စီးတီး ၃-၁ ဘုန်းမောက်

ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) ရဲ့စနေညအစောပိုင်းပွဲစဉ်တွေမှာတော့ မန်စီးတီးအသင်းဟာ အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို (၃-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ရှုံးပွဲမရှိရလဒ်နဲ့အတူ အကောင်းဆုံးရှေ့ဆက်နိုင်ခဲ့ပါတယ်။

ဒီရာသီအိမ်ကွင်း (၇) ပွဲကစားထားရာမှာ (၇) ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ မန်စီးတီးအသင်း အခုအိမ်ကွင်းပွဲစဉ်မှာလည်း ရလဒ်ကောင်းဖို့အတွက် တိုက်စစ်ပိုင်းမှာ ဂျေးဆူ၊ စတာလင်၊ ဆာနေးတို့ကိုပွဲထွက်စေခဲ့ပြီး လူစုံခဲ့ပါတယ်။

ကွင်းမရွေးဘဲ ပြိုင်ဘက်တိုင်းကို မာမာထန်ထန်ယှဉ်ကစားလေ့ရှိတဲ့ ဘုန်းမောက်အသင်းကလည်း အီတီဟတ်မှာ သရေတစ်မှတ်ရဖို့အတွက် ပြင်ဆင်လာခဲ့ပြီး ဝီလ်ဆင်၊ ဂျိုရှုအာကင်းတို့နဲ့ အိမ်ရှင်ကို တုံ့ပြန်ခဲ့ပါတယ်။

မန်စီးတီးအသင်းပွဲစကတည်းက ဘုန်းမောက်အသင်းဘက်ကို ဖိအားပေးဖို့ကြိုးစားခဲ့ပြီး ပွဲချိန် (၁၆) မိနစ်မှာပဲ ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။

ဂိုးရပြီးချိန်မှာလည်း မန်စီးတီးတို့ နောက်ထပ်ဂိုးတွေအတွက် ကြိုးစားခဲ့ပေမယ့် ဘုန်းမောက်အသင်း မာမာထန်ထန်တုံ့ပြန်ခဲ့သလို ပထမပိုင်းပြီးခါနီးမှာ မန်စီးတီးဘက်ကိုပြန်လည်ဖိအားပေးနိုင်ခဲ့ပါတယ်။

ဘုန်းမောက်အသင်းအတွက်ချေပဂိုးကိုတော့ ပွဲချိန်(၄၄) မိနစ်မှာ ဖရန်ဆစ်ရဲ့ပေးပို့မှုကနေ ဝီလ်ဆင်က လှလှပပခေါင်းတိုက်သွင်းယူပေးခဲ့တာပါ။ 

ဒါဟာ ဝီလ်ဆင်အတွက် ဒီရာသီ (၇) ဂိုးမြောက်သွင်းဂိုးဖြစ်သလို၊ ပရီးမီးယားလိဂ်နောက်ဆုံး (၁၅) ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၁၂) ဂိုး (၈ ဂိုးသွင်း၊ ၄ ဂိုးဖန်တီး) အထိရှိခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ (၁-၁) ဂိုးနဲ့ပြီးဆုံးခဲ့ပေမယ့် ပွဲချိန်ဒုတိယပိုင်းမှာတော့ မန်စီးတီးအသင်းကပဲ ပွဲကိုစိုးမိုးသွားခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၅၇) မိနစ်မှာ စတာလင်ကသွင်းယူပေးခဲ့ပြီး ဘုန်းမောက်အသင်းအနေနဲ့လည်း ချေပဂိုးရဖို့ထက် နောက်ထပ်ဂိုးတွေမပေးရဖို့ပဲ ကြိုးစားကစားခဲ့ရပါတယ်။

မန်စီးတီးအသင်းအတွက် နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၇၉) မိနစ်မှာ ဆာနေးရဲ့ပေးပို့မှုကနေ ဂွန်ဒိုဂန်က ပိတ်သွင်းယူခဲ့တာပါ။

ဆာနေးဟာ ပြီးခဲ့တဲ့ရာသီက စတင်ရေတွက်မယ်ဆိုရင် ဂိုးဖန်တီးမှု အကြိမ် (၂၀) ပြည့်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတိုင်းထက် သာလွန်တဲ့အရေအတွက်လည်းဖြစ်ပါတယ်။ 

လက်ကျန်မိနစ်တွေမှာတော့ မန်စီးတီးအသင်းအနိုင်ရလဒ်ကိုထိန်းချုပ်ကစားသွားခဲ့လို့ (၃-၁) ဂိုးနဲ့ပွဲပြီးဆုံးခဲ့ပြီး ဒီရာသီအိမ်ကွင်းပွဲစဉ် (၈) ပွဲကစားပြီးချိန်မှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့အတူ အမှတ်ဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ပရီးမီးယားလိဂ်

ခရစ္စတယ်ပဲလေ့စ် ၂-၀ ဘန်လေ

ဟတ်ဒါဖီးလ် ၁-၂ ဘရိုက်တန်

လက်စတာ ၂-၀ ဝက်ဖို့ဒ်

မန်စီးတီး ၃-၁ ဘုန်းမောက်

နယူးကာဆယ် ၀-၃ ဝက်စ်ဟမ်း



လာလီဂါ

ဆယ်လ်တာဗီဂို ၂-၀ ဟူဆကာ

 

စီးရီးအေ

SPAL ၂-၂ အမ်ပိုလီ



ဘွန်ဒစ်လီဂါ

ဒေါ့မွန် ၂-၀ ဖရိုင်းဘတ်

စတုဂတ် ၁-၀ အော့စ်ဘတ်

ဝါဒါဘရီမင် ၁-၂ ဘိုင်ယန်မြူးနစ်

ဟန်နိုဗာ ၀-၂ ဟာသာဘာလင်

ဟော်ဖန်ဟင်မ် - ရှော်လ်ကေး

 

လိဂ်ချန်ပီယံရှစ်

ရှက်ဖီးယူနိုက်တက် ၀-၁ လိဒ်စ်

ဘာမင်ဂမ် ၃-၀ ပရက်စတန်

ဘလက်ဘန်း ၄-၂ ရှက်ဖီးဝင်းစ်ဒေး

ဘော်လ်တန် ၁-၁ ဝီဂန်

ဒါဘီ ၂-၁ ဆွမ်ဆီး

နောဝစ်ချ် ၃-၁ ရော့သာဟမ်

နော်တင်ဟမ် ၂-၀ အစ်ဝစ်ချ်

QPR ၂-၃ ဟားလ်စီးတီး

ရက်ဒင်း ၂-၂ စတုတ်စီးတီး



ဆူဇူကီးဖလား (ပ-ကျော့)

မလေးရှား ၀-၀ ထိုင်း

Most Read

Most Recent