"၁၂ ရက်အတွင်းကစားခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်" - အန်တွမ်နီဟေး (နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင်အသင်း)

"၁၂ ရက်အတွင်းကစားခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်" - အန်တွမ်နီဟေး (နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင်အသင်း)
Photo: Myanmar Football Federation Facebook
Photo: Myanmar Football Federation Facebook
Published 24 November 2018

 

မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးက   ၁၂ ရက်အတွင်းကစားခဲ့ရသည့် အခြေအနေများက မြန်မာအသင်းအတွက် ခက်ခဲသည်ဟု မလေးရှားအသင်းကို (၃-၀)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ဆူဇူကီးဖလားအုပ်စုနောက်ဆုံးပွဲစဉ်အပြီးတွင် ပြောကြားခဲ့ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) Facebook စာမျက်နှာ၌ ဖော်ပြခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးက " ပွဲအစပိုင်းမှာ ကျွန်တော်တို့အသင်း ကစားပုံ သိပ်မဆိုးပါဘူး။ ပထမပိုင်း အစ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း သူတို့ပရိသတ်တွေရှေ့မှာ ဂိုးမပေးရအောင် ကြိုးစားခဲ့ပြီးတန်ပြန်တိုက်စစ်နဲ့ ကျွန်တော်တို့ ဂိုးရဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီး နောက်မှာလည်း ကျွန်တော်တို့ အခွင့်ရေးကောင်း ရခဲ့ပါသေးတယ်။ ကွင်းလယ်လူထက်ဖြိုးဝေရဲ့ ပေးပို့မှုကနေ အောင်သူ ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့ဘူး။ ဒုတိယဂိုးဖြစ်တဲ့ ပင်နယ်တီဂိုးကတော့ ဒီနေ့ရဲ့ အဆုံးအဖြတ်ဂိုးလိုဖြစ်သွားခဲ့တာကြောင့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ ဂိုးတွေပြန်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ရတာပါ။ တစ်ဂိုးလောက်ဖြစ်ဖြစ် ပြန်ရတာနဲ့ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ။ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို ကစားသမားတွေမှာလည်း ပိုပြီးပင်ပန်းခဲ့ရပါတယ်။ ၁၂ ရက်အတွင်းကစားခဲ့ရတဲ့ အခြေအနေတွေက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ကစားသမား အချို့ဆိုရင် ပွဲချိန်အပြည့်နဲ့ တောက်လျှောက် ကစားခဲ့ရတာပါ။ မလေးရှားအသင်းအတွက်တော့ ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ လာမယ့် ပွဲတွေမှာလည်း ရလဒ်ကောင်းပြီး ဒီပြိုင်ပွဲအတွက် ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်"ပြောကြားခဲ့သည်။

Credit and Photo: Myanmar Football Federation Facebook