ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 23 November 2018

 

လီဟာနက်စ် နှင့် အလာဗတ်စ် (စနေနံနက် ၂:၃၀ နာရီ)

အလာဗတ်စ်ကလည်း ဒီရာသီ သူတို့ရဲ့ခြေစွမ်းကိုထိန်းထားနိုင်ဆဲပါပဲ။ အဝေးကွင်းမှာမရှုံးအောင် အဓိကအားပြုကစားတတ်တဲ့ အလာဗတ်စ်ရဲ့ ကစားပုံအရလည်း တိုက်စစ်ကဂိုးရဖို့ ရုန်းကန်နေရတဲ့ အိမ်ရှင် လီဟာနက်စ် ဒီပွဲလည်းဂိုးရဖို့ခက်နေပါဦးမယ်။ ဂိုးနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။

 

 

လေဗာကူဆင် နှင့် စတုဂတ် (စနေနံနက် ၂:၀၀ နာရီ)

နိုင်ပွဲပြန်ရထားတဲ့ စတုဂတ်အသင်း ဘယ်လောက်အထိ ဆက်သွားနိုင်မလဲ စောင့်ကြည့်ရမယ်။ လေဗာကူဆင်ကွင်းဖြစ် ပေမယ့် စတုဂတ်ပဲ ကြိုက်တယ်။

 



လိုင်ယွန် နှင့် စိန့်အက်တီယန် (စနေနံနက် ၂:၃၀ နာရီ)

ဒီပွဲက ပြင်သစ်မီဒီယာတွေ Derby de Rhone လို့ ခေါ်ဝေါ်ကြတဲ့ ဒါဘီပွဲဖြစ်ပါတယ်။ လက်ရှိအနေအထားမှာလည်း အဆင့်(၄၊ ၅)နေရာမှာ တစ်မှတ်သာကွာခြားပြီး ရပ်တည်နေကြတယ်။ လက်ရှိအချိန်မှာ လိုင်ယွန်အသင်းဟာ ဒီပိုင်းရဲ့ခြေစွမ်းပြမှုနဲ့အတူ ရလဒ်ကောင်းတွေ တောက်လျှောက်ရယူနေပြီး တိုက်စစ်က ဂိုးမသွင်းနိုင်တဲ့ပွဲ မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့ ခံစစ်ကြောင်းက စိတ်မချရဘဲ နောက်ဆုံး(၅)ပွဲမှာ (၉)ဂိုး အထိ ပေးခဲ့ရပါတယ်။ စိန့်အက်တီယန်ကလည်း ခြေမှန်နေပြီး တိုက်စစ်မှာ ခါဇီရီ၊ ကာဘယ်လာတို့ ခြေစွမ်းပြနေပါတယ်။ လိုင်ယွန်အသင်းက ချန်ပီယံလိဂ်ပွဲမှာ အရေးပါတဲ့ပွဲစဉ်ကစားရဖို့ရှိနေတာကြောင့် အာရုံများနေနိုင်ပေမယ့် စိန့်အက်တီယန်ရဲ့ အဝေးကွင်းခြေစွမ်းကလည်း မမှန်ပါဘူး။ အိမ်ကွင်းမှာတော့ လိုင်ယွန် အမှားမခံဘဲ အနိုင်ကစားသွားမှာပါ။

Most Read

Most Recent