အမှတ်ခွဲယူခဲ့ကြတဲ့ ပေါ်တူဂီနဲ့ ပိုလန်

အမှတ်ခွဲယူခဲ့ကြတဲ့ ပေါ်တူဂီနဲ့ ပိုလန်
Photo: AFP
Photo: AFP
Published 21 November 2018

 

■ ပေါ်တူဂီ ၁-၀ ပိုလန်

League (A) Group-3 ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ပိုလန်အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

ဒီပွဲက ဘာမှအရေးမပါတော့တဲ့ ပွဲဖြစ်ပေမယ့် ပေါ်တူဂီအသင်းရော၊ ပိုလန်အသင်းပါ ကစားသမားကောင်းတွေကို ထည့်သွင်းကစားသွားခဲ့တာလည်း တွေ့ရပါတယ်။

ပွဲကစားချိန်မှာလည်း နှစ်သင်းစလုံးဖွင့်ကစားခဲ့ကြလို့ ပွဲဟာ ကြည့်ကောင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ နှစ်သင်းစလုံး ဂိုးသွင်းခွင့်တွေ ရခဲ့ကြပါတယ်။

ပေါ်တူဂီအသင်းဘက် ဆန်းချက်စ်ရဲ့ ပိုလန်နောက်ခံလူကို လိမ်ခေါက်ပြီး ကန်သွင်းချက်ဟာ ရှေ့မှာရှိနေတဲ့ ဖာရာဆေးလ်ဗားနဲ့ ထိပြီး ဘေးထွက်သွားလို့ ပေါ်တူဂီတို့ နစ်နာခဲ့ပါတယ်။

ပိုလန်အသင်းဘက်က ဂရိုဆစ်စကီးတင်ပေးတာကို ဖရန်ကောစကီး ရင်ဘတ်နဲ့ ထိန်းပြီး ကန်သွင်းတာကို ပေါ်တူဂီဂိုးသမား ဘီတို ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး ဖရန်ကောစကီးပဲ နောက်ထပ်တစ်ကြိမ် ကန်ခွင့်ရခဲ့ပေမယ့် အပေါ်ထောင်သွားခဲ့တာပါ။

ပွဲချိန် (၃၃)မိနစ်မှာတော့ အိမ်ရှင် ပေါ်တူဂီအသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။ တောင်ပံကစားသမား ဆန်ချက်စ် တင်ပေးတာကို အန်ဒရေဆေးလ်ဗားက ခေါင်းချပ်တိုက်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းအပြီးမှာ ပေါ်တူဂီအသင်းက (၁-၀)ဂိုးနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာ ပေါ်တူဂီတို့ ဖိကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးခဲ့ရတာကတော့ ပိုလန်အသင်း ဖြစ်ပါတယ်။

ပွဲချိန် (၆၆)မိနစ်မှာ ပိုလန်တိုက်စစ်မှူး မီလစ်ခ်ကို ပေါ်တူဂီကစားသမား ပယ်ရဲရားက ပယ်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်လို့ ပိုလန်တို့ ပယ်နယ်တီ ရခဲ့ပါတယ်။ ပေါ်တူဂီဟာ ပယ်နယ်တီပေးလိုက်ရသလို ပယ်ရဲရားပါ အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရလို့ အားနည်းခဲ့ရပါတယ်။

ဒီပယ်နယ်တီကို မီလစ်ခ်က အမှားအယွင်းမရှိကန်သွင်းပြီး ပိုလန်အသင်းအတွက် ချေပဂိုးရယူခဲ့တာပါ။

အဲဒီနောက်ပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးရဖို့ ကြိုးစားခဲ့ကြပြီး ဂိုးသွင်းခွင့်တွေရရှိခဲ့ပါတယ်။ အထူးသဖြင့် ပိုလန်အသင်းက အခွင့်အရေးပိုရခဲ့ပေမယ့် ပေါ်တူဂီနောက်တန်းနဲ့ ဂိုးသမား ဘီတိုတို့ မကျော်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ပွဲအပြီးမှာတော့ (၁-၁)ဂိုးနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။



■ ယနေ့ကစားသည့်ပွဲစဉ် ရလဒ်များ

UEFA Nations League ပွဲစဉ်ရလဒ်များ

=====================

League (A) Group-3

ပေါ်တူဂီ - ပိုလန်

League (B) Group-2

ဆွီဒင် ၂-၀ ရုရှား

League (C) Group-1

စကော့တလန် ၃-၂ အစ္စရေး

League (C) Group-4

ဆားဘီးယား ၄-၁ လစ်သူယေးနီးယား

မွန်တီနီဂရိုး ၀-၁ ရိုမေးနီးယား

League (D) Group-3

ကိုဆိုဗို ၄-၀ အဇာဘိုင်ဂျန်

မော်လ်တာ ၁-၁ ဖာရိုးကျွန်းစုများ



ခြေစမ်းပွဲစဉ် ရလဒ်များ

=============

ဩစတြေးလျ ၃-၀ လက်ဘနွန်

ဥဇဘက်ကစ္စတန် ၀-၄ တောင်ကိုရီးယား

ဂျပန် ၄-၀ ကာဂျစ္စတန်

တရုတ် ၁-၁ ပါလက်စတိုင်း

ယူအေအီး ၂-၀ ယီမင်

အီရန် ၁-၁ ဗင်နီဇွဲလား

နိုင်ဂျီးရီးယား ၀-၀ ယူဂန္ဓာ

အီရတ် ၀-၀ ဘိုလစ်ဗီးယား

တူနီးရှား ၀-၁ မော်ရိုကို

ဂျော်ဒန် ၁-၁ ဆော်ဒီအာရေဗျ

တောင်အာဖရိက ၁-၁ ပါရာဂွေး

တူရကီ ၀-၀ ယူကရိန်း

အယ်လ်ဘေးနီးယား ၁-၀ ဝေးလ်စ်

ဘရာဇီးလ် ၁-၀ ကင်မရွန်း

အီတလီ ၁-၀ အမေရိကန်

ပြင်သစ် ၁-၀ ဥရုဂွေး

 

 

 

Most Read

Most Recent