နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဆွစ်ဇာလန်အသင်း တက်ရောက်

နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ဆွစ်ဇာလန်အသင်း တက်ရောက်
Published 19 November 2018

UEFA Nations League ပြိုင်ပွဲ League A ရဲ့ Group 2 နောက်ဆုံးပွဲစဉ်မှာတော့ ဆွစ်ဇာလန်အသင်းက နာမည်ကြီး ဘယ်လ်ဂျီယံကို အံ့အားသင့်ဖွယ်အနိုင်ယူပြီး အုပ်စုပထမ(၄)သင်းသာ ယှဉ်ပြိုင်ရမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းက သော်ဂန်ဟာဇက်(၂၊ ၁၇)တို့ရဲ့ဂိုးတွေနဲ့ (၂)ဂိုးပြတ်ဦးဆောင်နေပြီးမှ ဆီဖာရိုဗစ်ရဲ့ဟက်ထရစ်(၃၁၊ ၄၄၊ ၈၄)အပါအဝင် ရီကာဒိုရိုဒရီဂွက်ဇ်(၂၆ ပယ်နယ်တီ)၊ အယ်လ်ဗီဒီ(၆၂) တို့ရဲ့ဂိုးတွေကြောင့် ဆွစ်ဇာလန်က (၅-၂)ဂိုးနဲ့ အနိုင်ပြန်ယူခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းကတော့ ဒီရှုံးပွဲကြောင့် (၆)ပွဲဆက်ရှုံးပွဲမရှိမှု ရပ်တန့်သွားခဲ့ရပါတယ်။

UEFA Nations League

အင်္ဂလန် ၂ - ၁ ခရိုအေးရှား

မြောက်အိုင်ယာလန် ၁ - ၂ သြစတြီးယား

မော်လ်ဒိုဗာ ၁ - ၁ လူဇင်ဘတ်

ဆန်မာရီနို ၀ - ၂ ဘီလာရုစ်

ဆွစ်ဇာလန် ၅ - ၂ ဘယ်လ်ဂျီယံ

ဟန်ဂေရီ    ၂ - ၀ ဖင်လန်

ဂရိ ၀ - ၁  အက်စ်တိုးနီးယား

Africa Cup of Nations Qualifying

မာဒါဂါစကာ ၁ - ၃ ဆူဒန်

အီသီယိုးပီးယား ၀ - ၂ ဂါနာ

ရဝမ်ဒါ ၂ - ၂ ဗဟိုအာဖရိက

အက်ဆွာတီနီ ၁ - ၂ နိုင်ဂျား

မိုဇမ်ဘစ် ၁ - ၀ ဇမ်ဘီယာ

လီဆိုသို ၁ - ၀ တန်ဇန်နီးယား

ကွန်ဂို ၁ - ၁ DR ကွန်ဂို

အန်ဂိုလာ ၂ - ၁ ဘာကီနာဖာဆို

တိုဂို ၁ - ၄ အယ်လ်ဂျီးရီးယား

လိုက်ဘေးရီးယား ၁ - ၀ ဇင်ဘာဘွေ

ဂီနီ ၁ - ၁ အိုင်ဗရီကို့စ်

မော်ရီတေးနီးယား ၂ - ၁ ဘော့ဆွာနာ

ခြေစမ်းပွဲစဉ်များ

စပိန် ၁ - ၀ ဘော့စနီးယား

 

Most Read

Most Recent