UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 19 November 2018

ဂျာမနီ နှင့် နယ်သာလန် (အင်္ဂါနံနက် ၂း၁၅ နာရီ)

ဂျာမနီအသင်းအတွက် ဘယ်လိုမှအရေးမပါတော့ဘူး။ အိမ်ကွင်းမှာ ဂုဏ်သိက္ခာဆယ်တဲ့အနေနဲ့ပဲ ကစားရတော့မယ်။ နယ်သာလန်ကတော့ တစ်မှတ်လိုနေသေးတယ်။ သရေကျဖို့များပါတယ်။

ချက် နှင့် ဆလိုဗက်ကီးယား (အင်္ဂါနံနက် ၂း၁၅ နာရီ)

ဆလိုဗက်ကီးယားအသင်းအနေနဲ့ ယူကရိန်းနဲ့ကစားခဲ့တဲ့ပွဲမှာ ဘယ်လိုရလဒ်မျိုးပဲထွက်ထွက် အခု ချက်နဲ့ပွဲမှာ အနိမ့်ဆုံး (၃)ဂိုးသွင်းပြီး အနိုင်ရတာ၊ ဒါမှမဟုတ် ဂိုးပြတ်အနိုင်ရခဲ့ရင် တန်းမဆင်းရဖို့ မျှော်လင့်ချက်ရှိနေသေးတယ်။ ချက်အသင်းကတော့ အရင်လို အိမ်ကွင်းမာကျောမှုမျိုးလည်း မရှိတော့တဲ့အပြင်  သရေတစ်မှတ်ပဲလိုအပ်တာ သတိပြုရမှာပါ။ ဆလိုဗက်ကီးယား ရှုံးဖို့မရှိဘူး။

ဒိန်းမတ် နှင့် အိုင်ယာလန် (အင်္ဂါနံနက် ၂း၁၅ နာရီ)

ဝေးလ်စ်နဲ့ကစားခဲ့တဲ့ပွဲမှာသာ ဒိန်းမတ်အသင်း အနိုင်ရခဲ့ရင် ဒီပွဲက (၂)သင်းစလုံးအတွက် အမှတ်မလိုအပ်တော့တဲ့ပွဲ ဖြစ်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကွင်းပရိသတ်ရှေ့မှာ ဒိန်းမတ် အနိုင်ကစားလိမ့်မယ်။

ဘူလ်ဂေးရီးယား နှင့် ဆလိုဗေးနီးယား (အင်္ဂါနံနက် ၂း၁၅ နာရီ)

ဆိုက်ပရပ်စ်နဲ့ပွဲမှာ ဘူလ်ဂေးရီးယား ဘယ်လိုရလဒ်ပဲရရ အခုပွဲကတော့ အရေးပါနေတုန်းပါပဲ။ ဘူလ်ဂေးရီးယား အနိုင် သေချာပါတယ်။

ဆိုက်ပရပ်စ် နှင့် နော်ဝေ (အင်္ဂါနံနက် ၂း၁၅ နာရီ)

ဆိုက်ပရပ်စ်က ဥရောပအသင်းငယ်တစ်သင်းဖြစ်ပေမယ့် အိမ်ကွင်းမာကျောမှုရှိတဲ့ အသင်းတစ်သင်းပါ။ ဆိုက်ပရပ်စ် ဘက်ကပဲ ရပ်တည်သင့်တယ်။

အခြားပွဲစဉ်များ

အန်ဒိုရာ နှင့် လတ်ဗီးယား (တနင်္လာည ၁၁း၃၀ နာရီ)

ဂျော်ဂျီယာ နှင့် ကာဇက်စတန် (တနင်္လာည ၁၁း၃၀ နာရီ)

မက်ဆီဒိုးနီးယား နှင့် ဂျီဘရော်လ်တာ (အင်္ဂါနံနက် ၂း၁၅ နာရီ)

လက်ချင်စတိန်း နှင့် အာမေးနီးယား (အင်္ဂါနံနက် ၂း၁၅ နာရီ)

 

 

Most Read

Most Recent