UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 17 November 2018

ဆားဘီးယား နှင့် မွန်တီနီဂရိုး (စနေည ၈း၃၀ နာရီ)

ဆားဘီးယားအသင်းသာ ဒီပွဲအနိုင်ကစားခဲ့ရင် တန်းတက်ခွင့်ရဖို့ သေချာသလောက်ဖြစ်သွားလိမ့်မယ်။ အိမ်ရှင် ဂိုး ပြတ်၊ မပြတ်ပဲကြည့်ရမှာပါ။

တူရကီ နှင့် ဆွီဒင် (စနေည ၁၁း၃၀ နာရီ)

တူရကီအသင်းက တန်းမဆင်းရရေးအတွက် ကစားရမှာ ဖြစ်ပြီး ဆွီဒင်ကတော့ တန်းမဆင်းဖို့အတွက်အပြင် တန်းတက် ခွင့်ရရေး မျှော်လင့်ချက်အနည်းငယ်ရှိနေသေးတယ်။ ပထမအကျော့မှာ ဆွွီဒင်အသင်း နောက်ကျဂိုးတွေကြောင့် မထင်မှတ်ဘဲ အရေးနိမ့်ခဲ့တာပါ။ တူရကီရဲ့ခြေစွမ်းကတော့ မှန်းဆရခက်ပြီး အိမ်ကွင်းမှာလည်း စိတ်ချရတဲ့အဆင့်မျိုးမရှိဘူး။ ဆွီဒင် အမှတ်ရလိမ့်မယ်။

အီတလီ နှင့် ပေါ်တူဂီ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ပိုလန်အသင်းနဲ့ပွဲမှာ အီတလီအသင်း ကစားပုံကောင်းခဲ့ပြီး နိုင်ပွဲရခဲ့တာကတော့ ကံကောင်းမှုကြောင့်ပါ။ ပေါ်တူဂီအသင်းကိုတော့ လစ္စဘွန်းမြေမှာ ရှုံးနိမ့်ခဲ့တာကို လက်စားချေရမှာဖြစ်ပြီး အီတလီအသင်းအတွက် အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေဖို့ အရေးအပါဆုံးကစားသမားက အင်ဆစ်ဂ်နီပါ။ အင်ဆစ်ဂ်နီက နာပိုလီအတွက် (၇)ဂိုးသွင်းပေးထားသူဖြစ်ပြီးအီတလီအသင်းမှာတော့ ခြေစွမ်းကျဆင်းနေပါတယ်။ ပေါ်တူဂီကိုတော့ ဘာနာဒိုဆေးလ်ဗား က ဦးဆောင်ကစားမှာဖြစ်ပြီး အီတလီအသင်းဆီက သရေတစ်မှတ်ယူဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ အီတလီနိုင်ဖို့များတယ်။

အယ်လ်ဘေးနီးယား နှင့် စကော့တလန် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

အယ်လ်ဘေးနီးယားအသင်း တန်းတက်ဖို့မရှိတော့ပေမယ့် ဒီပွဲသာအမှတ်ရခဲ့ရင် တန်းမဆင်းရဖို့ သေချာသွားလိမ့် မယ်။ အယ်လ်ဘေးနီးယား အနိုင်နဲ့သရေပါပဲ။

ရိုမေးနီးယား နှင့် လစ်သူယေးနီးယား (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

အုပ်စုတွင်းအားအနည်းဆုံး လစ်သူယေးနီးယားအသင်းကို ရိုမေးနီးယား ဘယ်လိုကစားမလဲ စောင့်ကြည့်ရမယ်။ ရိုမေး နီးယား ဂိုးပြတ်နိုင်ဖို့များတယ်။

အခြားပွဲစဉ်များ

အဇာဘိုင်ဂျန် နှင့် ဖာရိုးကျွန်းစုများ (စနေည ၁၁း၃၀ နာရီ)

မော်လ်တာ နှင့် ကိုဆိုဗို (စနေည ၁၁း၃၀ နာရီ)

Most Read

Most Recent