McGuire က Kadestam အနေဖြင့် မိမိ၏ ထိုးနှက်ကစားကွက်ကိုသတိမမူပါက မှားယွင်းမည်ဖြစ်ကြောင်း ယူဆ

McGuire က Kadestam အနေဖြင့် မိမိ၏ ထိုးနှက်ကစားကွက်ကိုသတိမမူပါက မှားယွင်းမည်ဖြစ်ကြောင်း ယူဆ
Photo: onefc.com
Photo: onefc.com
Published 16 November 2018

 

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိIstora အာကစားရုံကြီး၌ ကျင်းပမည့် ONE:WARRIOR'S DREAMပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်အဖြစ် လစ်လပ်နေသော ONE ဝယ်လ်တာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အတွင် Zebaztian Kadestam နှင့် Tyler McGuireတို့ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ကာ ဝယ်လ်တာဝိတ်တန်းခါးပတ်ကို စိန်ခေါ်သူ နပမ်းကစားသမား Tyler McGuire အနေဖြင့် ၎င်း၏ ထိုးနက်ကစားကွက်ကို ပြိုင်ဘက်အနေဖြင့် သတိမပြုပါက မှားယွင်းမည်ဖြစ်ကြောင်းဆိုလိုက်သည်။



အသက် ၃၂နှစ်အရွယ် ဝါရှင်တန်မြို့သား McGuire သည် ပြီးခဲ့သောဇူလိုင်လကယှဉ်ပြိုင်ခဲ့သော ၎င်း၏ ပွဲဦးထွက် ONE Championship ပြိုင်ပွဲတွင် Luis Santos en route ကို ဒိုင် ၃ ဦးလုံး၏အမှတ်ပေးဆုံးဖြတ်ချက်ဖြင့် အနိုင်ရရှိခဲ့သည့် မှတ်တမ်းကောင်းရှိထားသူဖြစ်သည်။ ထိုပွဲစဉ်တွင် McGuireအနေဖြင့်၎င်း၏ကမ္ဘာ့အဆင့်နပန်းအားကစားစွမ်းရည်ကို အထူးပြသထားခဲ့သော်လည်း၊၊ ၎င်းသည် ကိုယ်ခံပညာသိုင်းပေါင်စုံကစားသမားတစ်ဦးအနေဖြင့် Kadestam တွေးထင်ထားသည်ထက်ပို၍ ဘက်စုံထူးချွန်သူဖြစ်ကြောင်း ပြောကြားသည်။



“ကျွန်တော်ရဲ့ ထိုးနှက်ကစားကွက်ကို အတော်များများက လျှော့တွက်ကြပါတယ်။Kadestam က ကျွန်တော် သူ့ခြေထောက်ကို နာကျင်အောင်မလုပ်နိုင်ဘူးလို့ မကြာသေးခင်က ပြောထားသေးတယ်ဆိုတော့ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။” ဟု McGuire က ဆိုသည်။



“ကျွန်တော့်ရဲ့ ထိုးနှက်ကစားကွက်တွေကို ကောင်းကောင်းလေ့ကျင့်နေပြီး၊တကယ့်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေပါတယ်။ အခွင့်သာလို့ အလဲထိုးလို့ရမယ်ဆိုရင် ရအောင်အလဲထိုးမှာပါ။ အဲ့လိုမှမဟုတ်ရင်တော့ မတ်ရပ်ကစားကွက်နဲ့ ထိုးနှက်တိုက်ခိုက်သွားမှာပါ။” ဟု McGuire က ပြောသည်။



McGuire အနေဖြင့် ဤကဲ့သို့ကမ္ဘာ့အကြီးဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းကြီးတွင်ချန်ပီယံဖြစ်ခွင့်ရခြင်းအားဖြင့် ကမ္ဘာ့ထိပ်တန်းကစားသမားကြီးများကဲ့သို့ ထိပ်တန်းစားရင်းဝင်ကစားသမားတစ်ဦးဖြစ်လာနိုင်လိမ့်မည်ဟု ယုံကြည်သည်။ ၎င်းနှင့်Santosရင်ဆိုင်ယှဉ်ပြိုင်ရသည့်ပွဲစဉ်သည်အရည်အချင်းစစ်သည့်ပွဲတစ်ခုဖြစ်သည်ကိုသိရှိထားကာ၊  ထိုပွဲကိုအနိုင်ရမှသာ ချန်ပီယံခါးပတ်အတွက် ပြိုင်ဆိုင်ခွင့်ရရှိနို်ငမည်ကို သဘောပေါက်ထားသည်။



“ONE က ကျွန်တေ့ာ်ကို Sapo နဲ့ ရည်ရွယ်ချက်ရှိရှိ ရင်ဆိိုင်ခိုင်းပြီးတဲ့နောက်ချန်ပီယံခါးပတ်လုပွဲ ယှဉ်ပြိုင်ခွင့်ပေးမယ်ဆိုတာ သိခဲ့ပါတယ်။ ကျွန်တော်ဟာ ကမ္ဘာချန်ပီယံခါးပတ်လုပွဲအတွက် အဆင်သင့်ဖြစ်မဖြစ်ကို သူတို့စောင့်ကြည့်နေခဲ့တယ်လို့ ခံစားရပါတယ်။” ဟု McGuire က ပြောကြားပါသည်။



“ONE ကမ္ဘာ့ချန်ပီယံဖြစ်လာသူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်လာတာပဲ။ONE မှာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် Brandon Vera ၊ ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန်ဆန် ၊ ဝိတ်တန်းအနိမ့်ပိုင်းမှာဆိုရင် Shinya Aoki လို ကစားသမားတွေရှိတယ်။ ပြီးတော့ Eddie Alvarez နဲ့ Demetrious Johnson တို့လို ကစားသမားကြီးတွေလည်း ရောက်လာကြပြီ။”ဟု McGuire က အလေးအနက် ပြောကြားသည်။

 

Most Read

Most Recent