Global Martial Arts Awards ဆုပေးပွဲတွင် အောင်လအန်ဆန် ဆု (၂)ခု ရရှိ

Global Martial Arts Awards ဆုပေးပွဲတွင် အောင်လအန်ဆန် ဆု (၂)ခု ရရှိ
Photo: Aung Min Thant
Photo: Aung Min Thant
Published 8 November 2018

၂၀၁၈ ခုနှစ်အတွက် Global Martial Arts Awards ဆုပေးပွဲကို စင်ကာပူနိုင်ငံတွင် ယနေ့ကျင်းပပြုလုပ်ခဲ့ရာ အောင်လအန်ဆန်သည် ဆုနှစ်ခု ရရှိခဲ့ကြောင်း သိရှိရသည်။

အောင်လအန်ဆန်သည် ဆု(၅)ခုအတွက် ဆန်ခါတင်စာရင်းများတွင် ပါဝင်ခဲ့ပြီး ဟဆဲဂါ၀ါနှင့် ထိုးသတ်ခဲ့သည့်ပွဲအတွက် Bout of the Year ဆုနှင့်  Male Athlete of the Year ဆုတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ONE လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုစိန်ခေါ်ပွဲနှင့် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ(၂)ပွဲစလုံးကို အလဲထိုးအနိုင်ရခဲ့သောကြောင့် ဆု(၅)ခု၏ ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

Martial Arts Hero of the Year ဆုကို လိုက်ဝိတ်တန်းချန်ပီယံဟောင်း ဖိလစ်ပိုင်နိုင်ငံသား အက်ဒွပ်ဖိုလာယန်းက ရရှိခဲ့ကြောင်း သိရှိရသည်။

 

Most Read

Most Recent