အကောင်းဆုံးဆုရလိုသဖြင့် ယှဉ်ပြိုင်ခြင်းမဟုတ်ဟု အောင်လအန်ဆန် ပြောကြား

အကောင်းဆုံးဆုရလိုသဖြင့် ယှဉ်ပြိုင်ခြင်းမဟုတ်ဟု အောင်လအန်ဆန် ပြောကြား
 နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် တွေ့ရသည့် အောင်လ အန်ဆန်နှင့် ဇနီး (ဓာတ်ပုံ - အောင်မင်းသန့်)
နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ပွဲကြိုသတင်း စာရှင်းလင်းပွဲတွင် တွေ့ရသည့် အောင်လ အန်ဆန်နှင့် ဇနီး (ဓာတ်ပုံ - အောင်မင်းသန့်)
Published 8 November 2018

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီး ၀ိတ်တန်းကမ္ဘာ့ချန်ပီယံ မြန်မာ MMA ကစားသမား အောင်လအန်ဆန်က အကောင်းဆုံး ဆုရရှိလိုသဖြင့် ယှဉ်ပြိုင်ကစားနေခြင်းမဟုတ်ကြောင်း ပြောကြားသည်။

    အောင်လအန်ဆန်သည် စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ ၈ ရက် (ယနေ့) ကျင်းပမည့် Global MMA ဆုပေးပွဲအခမ်းအနားတွင် အကောင်းဆုံးဆုငါးခုအတွက် ဆန်ခါတင် စာရင်းပါဝင်နေပြီး ဆုရရှိရန် ရေပန်းစားနေ သည်။ အောင်လအန်ဆန်သည် ယင်းဆုပေး ပွဲသို့တက်ရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၇ ရက် က '' Heart of the Lion "  ပြိုင်ပွဲအကြို သတင်း စာရှင်လင်းပွဲသို့လည်း တက်ရောက်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် အောင်လအန်ဆန် က '' ဆုရမယ့်စာရင်းမှာပါလို့ စိတ်မလှုပ်ရှား ပါဘူး။ ကျွန်တော်အားကစားကစားတာ ဆု လိုချင်လို့ကစားတာ မဟုတ်ပါဘူး။ သူတို့က ဖိတ်လို့၊ ကျွန်တော်တို့ CEO နဲ့ တိုက်ရိုက်တွေ့ ရမှာဖြစ်လို့ လာဖြစ်တာပါ။ ချန်ပီယံဆုကို အကြာကြီးဆက်ထိန်းနိုင်ဖို့ ကြိုးစားမယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပဲ'' ဟု ပြော ကြားသည်။

Most Read

Most Recent