ESportsတွင် ဒေါ်လာသန်း(၅၀)အထိ One Championship မြှုပ်နှံမည်

ESportsတွင် ဒေါ်လာသန်း(၅၀)အထိ One Championship မြှုပ်နှံမည်
Published 8 November 2018

ESportsတွင် ဒေါ်လာသန်း(၅၀)အထိ One Championship မြှုပ်နှံမည်

အာရှဒေသအတွင်း MMA ပြိုင်ပွဲများကို ကျင်းပပြုလုပ်နေသည့် One Championshipအဖွဲ့အစည်းသည်   အခြားစီးပွားမိတ်ဖက်များနှင့် ပူးပေါင်း ပြီး ESports ဂိမ်းစ်ပြိုင်ပွဲကဏ္ဍအတွက် ဒေါ်လာသန်း(၅၀)အထိ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ကြောင်း အတည်ပြုကြေ ညာခဲ့သည်။

    

''အာရှမှာရှိတဲ့ ဘက်စုံသုံးကိုယ် ခံပညာနဲ့ ဂိမ်းစ်ပရိသတ်တွေအကြား မှာ ကူးလူးဆက်နွယ်နိုင်တဲ့ သဘာဝ တံတားတစ်ခုရှိနေတယ်ဆိုတာ ကျွန် တော်တို့ တွေ့မြင်နေရတယ်။ ဒါဟာ သူတို့ကို အတူတကွပေါင်းစည်းပေး ဖို့ အခွင့်အလမ်းပါပဲ''ဟု One Championship ၏ အမှုဆောင်ချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ ဆစ်တီယော့ထောင်က နိုဝင်ဘာ (၇)ရက်က ထုတ်ဖော်ပြော ကြားခဲ့သည်။ 

စင်ကာပူအခြေစိုက် One Championship အဖွဲ့အစည်းသည် ''One ESports'' အမည်ဖြင့် ၂၀၀၉ ခုနှစ်မှစတင်ကာ ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး မူလကြေညာထားသည့် MMA ပွဲစဉ်ကျင်းပချိန်များ တွင် ပြုလုပ်သွားဖွယ်ရှိနေသည်။ 

One Championship သည် ၂၀၁၉ ခုနှစ် အတွင်းတွင် MMA ပြိုင်ပွဲပေါင်း(၃၀) အထိ ပြုလုပ်သွားရန်စီစဉ်ထားပြီး ကျင်းပမည့် ESports ပြိုင်ပွဲအရေအတွက်နှင့် ပြိုင်ပွဲနေရာများကို အတိ အကျ သတင်းထုတ်ပြန်ခြင်းမရှိသေး ကြောင်း သိရသည်။

Most Read

Most Recent