ONE: PURSUIT OF GREATNESS ပွဲအပြီးတွင် အောင်လအန်ဆန်က သူ၏ ယှဉ်ပြိုင်ထိုးသတ်မှုအပေါ် ပြန်လည်သုံးသပ်

ONE: PURSUIT OF GREATNESS ပွဲအပြီးတွင် အောင်လအန်ဆန်က သူ၏ ယှဉ်ပြိုင်ထိုးသတ်မှုအပေါ် ပြန်လည်သုံးသပ်
Published 5 November 2018

အောက်တိုဘာလ ၂၆ ရက်၊ သောကြာနေ့ ONE: PURSUIT OF GREATNESS ပြိုင်ပွဲတွင် လက်စွမ်းပြကစားအပြီး၌ပင် ONE ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ကိုယ်ခံပညာကစားသမားတစ်ဦးအနြေဖင့် ၎င်းအတွက် အောင်မြင်မှုအခွင့်အလမ်းများစွာ ထပ်မံရရှိနိုင်ဦးမည်ဟု ယုံကြည်လျက်ရှိသည်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်သည် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းကြီးတွင် မြန်မာနိုင်ငံသား ပရိတ်သတ်များရှေ့၌ လက်ဘနွန်နိုင်ငံသား Mohammad “O Lutador” Karaki ကို ယှဉ်ပြိုင်အလှဲထိုးသတ်ပြီး သူ၏ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

 “ကျွန်တော့ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို မြန်မာပြည်သူပြည်သားတွေရှေ့မှာ အောင်မြင်စွာနဲ့ ကာကွယ်နိုင် အလှဲထိိုးသတ်အနိုင်ယူခဲ့တာပါ။ ကျွန်တော့်အတွက် ဆက်ပြီး တိုးတက်လာဖို့ အခွင့်အရေးတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။” အောင်လအန်ဆန်က ပြောကြားသည်။

ချုပ်ကွက်ကိုယ်ခံပညာစွမ်းရည်ေကြာင့် ‘မြန်မာ့စပါးအုံး’ ဟူ၍ အမည်တွင်ထားသော အောင်လအန်ဆန်သည် ရှုံးပွဲမရှိစံချိန်တင်ထားသော စိန်ခေါ်လာသူကို ပြိုင်ပွဲ တစ်ချီတည်းတွင်ပင် အနိုင်ရယူနိုင်ခဲ့သည်။

ပြင်းထန်သော ညာဝိုက်လက်သီးချက် တစ်ခုထိုးသွင်းလိုက်ပြီးနောက် အောင်လအန်ဆန်သည် ပြိုင်ဘက် Karaki ထံသို့ အဆက်မပြတ် လက်သီးချက်များထိုးသွင်းနိုင်ခဲ့ေသာကြောင့် ပထမအချီ ၂ မိနစ် ၂၁ စက္ကန့်တွင်ပင် ဒိုင်လူကြီးက ပွဲကို ရပ်တန့်ခဲ့ရသည်။

“ကိုယ်ခံပညာအားကစားသမားတစ်ယောက်အနေနဲ့ သင်ယူလေ့လာစရာရှိတာတွေအားလုံးကို အမြဲသင်ယူလေ့လာလိုစိတ်ရှိနေရမှာြဖစ်သလို သင်ယူဖို့လည်း အဆင်သင့်အမြဲရှိနေရမှာဖြစ်ပါတယ်။ ကျွန်တော်က ပထမအချီမှာ အနိုင်ရခဲ့တာမှန်ပေမယ့် ရှေ့ဆက်ပြိုင်ရမယ့်ပွဲတွေမှာ ဒီထက်ပိုကောင်းတဲ့ စွမ်းရည်တွေ ပြသသွားဖို့ ရည်ရွယ်ထားပါတယ်။” ဟု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဆက်လက်ပြောကြားသည်။

 

အောင်လအန်ဆန်၏ နိုင်ပွဲရရှိခဲ့မှုသည် ရုံလုံးပြည့်ရန်ကုန်ပရိတ်သတ်ကြီးကို နှစ်ထောင်းအားရဖြစ်စေခဲ့ရာ ပရိတ်သတ်များ၏ ဟစ်အော်အားပေးမှုများ၊ အောင်ပွဲခံမှုများ ရှိခဲ့သည်။

 

အထင်ကြီးလေးစားဖွယ်ရာ ယခုအောင်မြင်မှုကို ရရှိခဲ့သော်လည်း အောင်လအန်ဆန်သည် ၎င်း၏ စွမ်းဆောင်ရည်ကို ကျေနပ်ဖွယ်ရှိရုံအဆင့်ဖြစ်သည်ဟုသာ ဆိုထားသည်။

 

“ဒီနိုင်ပွဲမှာ ကျွန်တော့်ရဲ့ စွမ်းရည်ကို အကဲဖြတ်ရရင် အဆင်ပြေတဲ့အဆင့်ပဲလို့ ပြောချင်ပါတယ်။ ပြိုင်ပွဲကို အနိုင်ယူပြီး ကျွန်တော့်ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော် ဒီထက်ပိုကောင်းချင်တယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ရှေ့လာမယ့်ပွဲတွေမှာ အစွမ်းကုန် ကြိုးစားစွမ်းဆောင်သွားဖို့ပြဲဖစ်ပါတယ်။ အကောင်းဆုံးဆိုတဲ့ အရာတွေ မကြာခင်ရောက်ရှိလာတော့မယ်လို့ ကျွန်တော် အမှန်တကယ် ယုံကြည်ထားပါတယ်။” ဟု အောင်လအန်ဆန်က အဆုံးသတ်ပြောကြားခဲ့သည်။

Most Read

Most Recent