ရန်ကုန်နှင့် မြစ်ကြီးနားမြို့တွင် MMA သင်တန်းများ ဖွင့်လှစ်နိုင်ရန် အောင်လအန်ဆန် စီစဉ်

ရန်ကုန်နှင့် မြစ်ကြီးနားမြို့တွင် MMA သင်တန်းများ ဖွင့်လှစ်နိုင်ရန် အောင်လအန်ဆန် စီစဉ်
Published 6 November 2018

ONE Championship ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်သည်

ရန်ကုန်နှင့် မြစ်ကြီးနားမြို့များတွင် MMA သင်တန်းများဖွင့်လှစ်ရန် စီစဉ်နေကြောင်း အတည်ပြုပြောကြားခဲ့သည်။

ဘက်စုံကိုယ်ခံပညာ အသုံးပြုတိုက်ခိုက်ရသော ပညာရပ် (MMA)သင်တန်းများကို  မြန်မာနိုင်ငံ၌

ဖွင့်လှစ်နိုင်ရန် အောင်လအန်ဆန်က ရည်ရွယ်နေပြီး အစောပိုင်းဖွင့်လှစ်မည်ဖြစ်သော သင်တန်း၌ မြန်မာနိုင်ငံတွင် သင်ကြားပေးနိုင်မည့် နည်းပြများကို ရှာဖွေရန်ရည်ရွယ်ထားကြောင်း သိရသည်။ ''လက်ရှိကျွန်တော့်ရဲ့ပန်းတိုင်က ဒီနှစ်မကုန်ခင် မြန်မာနိုင်ငံမှာ စပြီးသင်တန်းပေးချင်တယ်။ သင်တန်းဖွင့်တဲ့အခါ နည်းပြတွေကို သင်တန်းအရင်ပေးဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဆရာနဲ့ပြောရဦးမယ်။ ဘယ်လိုမျိုး အတွေ့အကြုံရှိတဲ့သူကိုရွေးမှာလဲ။ ဘယ်လို ဆက်သွားမှာလဲ ဆိုတာ တိုင်ပင်ရဦးမှာပါ'' ဟု အောင်လအန်က ဖွင့်ဟခဲ့သည်။

အောင်လအန်ဆန်သည် ၎င်း၏ ဟဲဗီးဝိတ်တန်းစိန်ခေါ်ပွဲကို လာမည့် ၂၀၁၉ ခုနှစ် မတ်လတွင် ထိုးသတ်ရဖွယ်ရှိနေပြီး ယင်းပြိုင်ပွဲမတိုင်မီ MMA သင်တန်းကို ဖွင့်လှစ်မည်ဖြစ်သည်။

''မြစ်ကြီးနားမှာတော့ ကျွန်တော့်ရဲ့ Gym ကို ရုပ်တုရှိတဲ့နေရာမှာပဲ ဖွင့်မယ်။ အဓိက ရည်ရွယ်ချက်ကတော့ မျိုးဆက်သစ်

တွေ ကလေးတွေကို တခြားနေရာတွေမှာ အချိန်ကုန်သွားတာထက် ကိုယ်ခံပညာရပ်ပိုင်းကို စိတ်ဝင်စားပြီး အသက်မွေးဝမ်ကျောင်းအဖြစ် ရည်မှန်းချက်ထား တည်ဆောက်တာမျိုးဖြစ်စေချင်တာပါ။ မြန်မာပြည်က ပရိသတ်တွေက အားကစားဆို အရမ်းဝါသနာပါတယ်။ အဲဒီအတွက် ကျွန်တော်က ဒီလိုအခွင့်အရေးရလို့ အရမ်းကျေးဇူးတင်တယ်။ နောက်လာမယ့် မျိုးဆက်သစ်ကလေးတွေကိုလည်း သင်ပေးဖို့ရှိတယ်''ဟု အောင်လအန်ဆန်က ဆက်လက်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ကချင်ပြည်နယ်

တွင် မွေးဖွားခဲ့သော တိုင်းရင်းသားတစ်ဦးဖြစ်ပြီး MMA ပြိုင်ပွဲများမှာ ၎င်းနှင့်အတူ မြန်မာနိုင်ငံတွင် ထင်ရှားလာခဲ့ခြင်းဖြစ်သည်။

၎င်းသည် မူလက အမေရိကန်နိုင်ငံတွင်

MMA ပြိုင်ပွဲများကို ထိုးသတ်ခဲ့သူဖြစ်ပြီး အာရှအခြေစိုက် ONE Championship ပြိုင်ပွဲ၏ စီစဉ်မှုနှင့်အတူ မြန်မာနိုင်ငံတွင် ပြန်လည်ထိုးသတ်ကာ မစ်ဒယ်ဝိတ်တန်းနှင့်

လိုက်ဟဲဗီးဝိတ်တန်း၏ ချန်ပီယံအဖြစ် မှတ်တိုင်စိုက်ထူနိုင်ခဲ့သူဖြစ်သည်။

 

Most Read

Most Recent