ယခုနှစ် သင်္ကြန်ကာလအတွင်း ရေဆော့ကစားသူများအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ဖောက်ဖျက်ပါက၊ မလျော်ကန်စွာ ရေကစားပါက ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်ခံရနိုင်ကြောင်း ထိုင်းအစိုးရက သတိပေးထုတ်ပြန်ထားသည်။ သတ်မှတ်ထားသည့်စည်းကမ်းချက်များက အောက်ပါအတိုင်းဖြစ်သည်။
■ သင်္ကြန်ပွဲတွင် မပါဝင်သူများကို ရေပက်လျှင် ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၆၀,၀၀၀ အထိဖြစ်စေ ချမှတ်နိုင်သည်။
■ တစ်ဖက်လူ ခွင့်မပြုဘဲ ရေပက်ပါက ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀,၀၀၀ ဖြစ်စေ ချမှတ်နိုင်သည်။
■ ရေခဲရေဖြင့်ပက်လျှင် ထောင်ဒဏ်တစ်လဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀,၀၀၀ ဖြစ်စေ ချမှတ်နိုင်သည်။
■ အားပြင်းရေသေနတ်များဖြင့် ရေပက်ပါက ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ငွေဒဏ် ဘတ် ၁၀,၀၀၀ ဖြစ်စေ ချမှတ်နိုင်သည်။
■ ခွင့်မပြုဘဲ အတင်းအဓမ္မ သနပ်ခါး၊ ပေါင်ဒါ လိမ်းကျံပါက ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၂၀၀,၀၀၀ အထိဖြစ်စေ ချမှတ်နိုင်သည်။
■ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းနှင့် ကာယိန္ဒြေပျက်စီးအောင် ပြုမူပါက ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဘတ် ၂၀၀,၀၀၀ အထိဖြစ်စေ ချမှတ်နိုင်သည်။
■ မလုံမခြုံအဝတ်အစားများ ဝတ်ဆင်ပါက ငွေဒဏ်ဘတ် ၅,၀၀၀ ချမှတ်နိုင်သည်။
■ ကျယ်လောင်စွာ သီချင်းဖွင့်ပါက ထောင်ဒဏ်တစ်လဖြစ်စေ၊ ငွေဒဏ်ဘတ် ၂,၀၀၀ ဖြစ်စေ ချမှတ်နိုင်သည်။
Source – Thairath
Photos: Thai Enquirer















