■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို UWSA ဂုဏ်ပြုလွှာပေးပို့

■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို UWSA ဂုဏ်ပြုလွှာပေးပို့
Published 31 March 2026

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးအပ်မှုအပေါ် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ မြန်မာနိုင်ငံ အထူးဒေသ ၂၊ "ဝ" ပြည်သူ့အစိုးရအဖွဲ့မှ ဂုဏ်ပြုလွှာပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

မတ် ၃၀ ရက်က တပ်ချုပ်ရာထူးလွှဲပြောင်းပေးသည့် အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်ဟု သိရသဖြင့် ဝမ်းမြောက်ကြောင်း၊ အနားယူတော့မည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ တာဝန်များကို အောင်မြင်ပြီးမြောက်စွာ ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာတာဝန်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လေးနက်စွာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့် အသစ်တက်လာသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်ကိုလည်း စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုကြောင်း ဖော်ပြထားသည်။ 

ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ဦးဆောင်မှုအောက် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့များသည် ၎င်းတို့ရည်မှန်းချက်ကို ဆက်လက်ထိန်းသိမ်းကာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး အမျိုးသားလုံခြုံရေးကာကွယ်ရေးစည်းမျဉ်းအား အဆက်မပြတ် အားကောင်းစေကာ နိုင်ငံ၏ ရေရှည်တည်ငြိမ်မှု၊ ကြွယ်ဝချမ်းသာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ကာကွယ်စောင့်ရှောက်သွားမည် ဟု ယုံကြည်ကြောင်းလည်း ဆိုထားသည်။ 

"ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကျန်းမာရေးကောင်းမွန်ပါစေ၊ တာဝန်များတွင် အောင်မြင်ပါစေ၊ ဆက်လက်၍ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို မတ် ၃၀ ရက်က နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဖြစ်လာပြီး ဒုတိယတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးတို့အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent